• စစ်မှန်သော လူနေမှု ဘဝ ဆီသို့

    စစ်မှန်သော လူနေမှု ဘဝ ဆီသို့

  • အကျိုးစီးပွား မဆုံးရှုံးစေဖို့ ကြိုတင်ကာကွယ်စို့

    အကျိုးစီးပွား မဆုံးရှုံးစေဖို့ ကြိုတင်ကာကွယ်စို့

  • အတူတူ ရှေ့ဆက်ကြမယ်

    အတူတူ ရှေ့ဆက်ကြမယ်

Why EFI

Why EFI

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ ကုမ္ပဏီ၏ ရည်ရွယ်ချက်အတိုင်း အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက် ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းထားသော ကော်ပိုရေးရှင်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်း သော လုပ်ငန်းဖြစ်ပါသည်။

ကုမ္ပဏီ၏ အနာဂတ် မျှော်မှန်းချက်

မြန်မာနိုင်ငံတွင် ထိပ်တန်းမှ ဦးစီး ဆောင်ရွက်နေသော အာမခံ ကုမ္ပဏီ တစ်ခု ဖြစ်လာစေရန် နှင့် အာမခံ ဝယ်ယူထားရှိသူတို့ အတွက် ပိုမို ကောင်းမွန် တောက်ပသော အနာဂတ်များ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားပါသည်။

ကုမ္ပဏီ၏ ရည်ရွယ်ချက်

မြန်မာပြည်သူ၊ ပြည်သားတို့အတွက် ပိုမိုကောင်းမွန်သော ဘဝ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ပြည်သူ၊ ပြည်သားတို့၏ မိသားစုများနှင့် စီးပွားရေးလုပ်ငန်းများကို ကောင်းမွန်သော အာမခံ ဝန်ဆောင်မှုများဖြင့် အကာအကွယ် ပေးသွားရန် ရည်ရွယ်ပါသည်။

ကုမ္ပဏီ၏ အရည်အသွေးဆိုင်ရာ မူဝါဒ

EFI အနေဖြင့် အကောင်းမွန်ဆုံး အာမခံလုပ်ငန်းပိုင်းဆိုင်ရာ ဆောင်ရွက်မှုများနှင့် ဝန်ဆောင်မှုများကို ပေးအပ်နိုင်စေရန် ရည်ရွယ်ကြိုးစားလျက်ရှိပါသည်။ EFI အနေဖြင့် အာမခံဝယ်ယူသူများ စိတ်ကျေနပ်မှုရရှိစေရန် သတ်မှတ်ထားသော အာမခံ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် အာမခံပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် စဉ်ဆက်မပြတ် လုပ်ဆောင်လျက် ရှိပါသည်။

EFI ၏ အာမခံဝန်ထမ်းများ အနေဖြင့်လည်း ချမှတ်ထားသော လုပ်ငန်းတာဝန်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်ပြီး ဖြစ်လာနိုင်မည့် အန္တရာယ်များအပေါ် ကြိုတင်တွက်ချက်၍ စနစ်တကျ အာမခံဝယ်ယူသူများအား ဝန်ဆောင်မှု ပေးအပ်လျက်ရှိပါသည်။

EFI ဝန်ထမ်းများ အားလုံးအနေဖြင့် ယခုကဲ့သို့သော လမ်းညွှန်ချက်များနှင့် စံနှုန်းများအား ကိုယ်စီ နားလည်လက်ခံ၍ ကျင့်သုံး ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ အရည်အသွေး ပြည့်မီသော ဝန်ဆောင်မှုသည် အာမခံနယ်ပယ်၌ ရေရှည်တည်တံ့ အောင်မြင်နိုင်ရန် ထားရှိသင့်သော စံနှုန်းတစ်ခုဖြစ်ကြောင်းကိုလည်း လက်ခံယုံကြည်ထားပါသည်။


အာမခံလျော်ကြေးတောင်းခံခြင်း

ကျွန်ုပ်တို့သည် ပထမဆုံးဝယ်ယူသူ ဗဟိုပြုအာမခံကုမ္ပဏီ အနေဖြင့် အဆင့်မြင့်နည်းပညာများနှင့် ဝန်ဆောင်မှု ပေးနေသောကြောင့် ဝယ်ယူသူများအား အာမခံ လျှောက်ထားရာ၌လည်းကောင်း၊ လျော်ကြေးငွေ ထုတ်ယူရာ၌လည်းကောင်း နှောင့်နှေးကြန့်ကြာမှု မရှိဘဲ လွယ်ကူလျင်မြန်စွာ ရယူနိုင်ရန် ဆောင်ရွက်ပေးလျှက် ရှိပါသည်။​