• ရေကြောင်းကုန်စည်အာမခံ

    ရေကြောင်းကုန်စည်အာမခံ


သင့်ကုန်ပစ္စည်းများ လုံခြုံမှုအတွက် ကြိုတင်ကာကွယ်လိုက်ပါ

အာမခံသည် လူနေမှုဘဝတွင်သာမက စီးပွားရေးလုပ်ငန်းတိုင်းအတွက်ပါ အရေးပါသော အကာအကွယ်တစ်ခုဖြစ်ပြီး ယနေ့ခေတ်၏ တိုးတက်လာသော ရေကြောင်းလုပ်ငန်းများနဲ့ ကုန်သွယ်မှုလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။

ရေကြောင်းခရီးဖြင့် ကုန်စည်ပစ္စည်းများကို တစ်နေရာမှတစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် မတားဆီးနိုင်၊ မခန့်မှန်းနိုင်ဘဲ ဖြစ်လာနိုင်သော မီးလောင်ဆုံးရှုံးမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ရေယာဉ်နစ်မြုပ်ခြင်း၊ ရေယာဉ်  တိမ်းမှောက်ခြင်းစသည့် မမျှော်လင့်ထားတဲ့ အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနဲ့ တွေ့ကြုံရတဲ့အခါ အကာအကွယ်ရရှိစေရန် ရေကြောင်းကုန်စည် အာမခံကို ယခုပဲဝယ်ယူလိုက်ပါ။

ကျွန်ုပ်တို့၏ ရေကြောင်းကုန်စည်အာမခံဟာ သတ်မှတ်ထားသော ခရီးစဉ်အတွင်း သင်တို့၏ ကုန်စည်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းအတွက် ယခုပဲအကာအကွယ်ပေးနေပါပြီ။

သင့်ကုန်ပစ္စည်းများ လုံခြုံမှုအတွက် ကြိုတင်ကာကွယ်လိုက်ပါ

အဓိကအင်္ဂါရပ်များ

အာမခံအကာအကွယ်

. အာမခံထားသော ကုန်ပစ္စည်းများ လုံးဝပျက်စီးဆုံးရှုံးမှုအတွက်သာ အကာအကွယ်ပေးပါသည်။

. အာမခံထားသော ကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ရေယာဉ်တိမ်းမှောက်ခြင်း၊ သောင်တင်ခြင်း၊ နစ်မြုပ်ခြင်း၊ မီးလောင်ပေါက်ကွဲခြင်း၊ မတော်တဆထိခိုက်မှုဖြစ်ခြင်း၊ ပြင်ပမှ အခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း၊ သဘာဝဘေးအန္တရာယ်အရ ပျက်စီးခြင်းတို့ကြောင့် ကုန်ပစ္စည်းများဆုံးရှုံးမှု အတွက် အကာအကွယ်ပေးပါသည်။

. ဆုံးရှုံးမှုဖြစ်ပေါ်သည့်အခါ ဘေးအန္တရာယ်ကင်းဝေးစေရန် ဆောင်ရွက်ရသည့်အလုပ်သမားခနှင့် ကုန်ကျစရိတ်များကို ကုမ္ပဏီမှ ပေးလျော်ရန် တာဝန်ယူပါသည်။


အာမခံထားငွေစုစုပေါင်း

. ကုန်ပစ္စည်းတန်ဖိုး
. တံဆိပ်ခေါင်းတန်ဖိုး

ထပ်ဆောင်းအာမခံအကာအကွယ်

. ဆိပ်ကမ်းရက်လွန်ကြေးအတွက် ပရီမီယံနှုန်းထား၏ ၁၀% ပေးဆောင်၍ ထပ်ဆောင်း အာမခံအကာအကွယ် ရယူနိုင်ပါသည်။

အာမခံသက်တမ်း

. ခရီးစဉ်တစ်ကြောင်း (ခရီးစဉ်အစ မှ ခရီးစဉ်အဆုံးအထိ)

တံဆိပ်ခေါင်းတန်ဖိုး

. တံဆိပ်ခေါင်းတန်ဖိုးသည် အာမခံထားငွေ၏ ၀.၀၁% ဖြစ်သည်။

ပရီမီယံနှုန်းထားနှင့် ပရီမီယံပေးသွင်းခြင်း (ကမ်းရိုးတန်းခရီးစဉ်အတွက်)

. ပရီမီယံများကို တစ်လုံးတည်းပေးသွင်းရမည် ဖြစ်ပါသည်။

. ပရီမီယံနှုန်းထားများသည် ကုန်ပစ္စည်းအမျိုးအစား၊ သယ်ဆောင်မည့်လမ်းကြောင်း၊ သယ်ဆောင်မည့်ခရီးစဉ်၏ ရာသီဥတုနှင့် နေရာဒေသပေါ်တွင် မူတည်ပါသည်။

သယ်ယူပို့ဆောင်မည့် ကုန်ပစ္စည်းများအတွက် ပရီမီယံများကို အောက်ပါဇယားအတိုင်း တွက်ချက်ပါသည်။ (စုစုပေါင်း အာမခံထားငွေ၏ ရာခိုင်နှုန်း)

ပရီမီယံနှုန်းထားနှင့် ပရီမီယံပေးသွင်းခြင်း (ကမ်းရိုးတန်းခရီးစဉ်အတွက်)

ပရီမီယံနှုန်းထားနှင့် ပရီမီယံပေးသွင်းခြင်း (မြစ်တွင်းသွားခရီးစဉ်အတွက်)

. ပရီမီယံများကို တစ်လုံးတည်းပေးသွင်းရမည် ဖြစ်ပါသည်။

. ပရီမီယံနှုန်းထားများသည် ကုန်ပစ္စည်းအမျိုးအစား၊ သယ်ဆောင်မည့်လမ်းကြောင်း၊ သယ်ဆောင်မည့်ခရီးစဉ်၏ ရာသီဥတုနှင့် နေရာဒေသပေါ်တွင် မူတည်ပါသည်။

သယ်ယူပို့ဆောင်မည့် ကုန်ပစ္စည်းများအတွက် ပရီမီယံများကို အောက်ပါဇယားအတိုင်း တွက်ချက်ပါသည်။ (စုစုပေါင်း အာမခံထားငွေ၏ ရာခိုင်နှုန်း)

ပရီမီယံနှုန်းထားနှင့် ပရီမီယံပေးသွင်းခြင်း (မြစ်တွင်းသွားခရီးစဉ်အတွက်)
EFI General နဲ့ ဘာကြောင့်လက်တွဲသင့်သလဲ။

EFI General နဲ့ ဘာကြောင့်လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေးလုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

ကျွန်ုပ်တို့၏ အာမခံအမျိုးအစားများသည် တစ်ဦးတစ်ယောက်ချင်း ဝယ်ယူသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်ပါ ကာကွယ်စောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းများနှင့်အညီ နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်သော ရေရှည်ဆက်ဆံမှုများ တည်ဆောက်ရန် အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။ EFI ၏ အဓိကရပ်တည်ချက်မှာ ဝယ်ယူအားပေးသူများ ကို မမြင်နိုင်သော အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် ကူညီပေးခြင်းအပြင် အမှန်တကယ် လိုအပ်သောအချိန်တွင်လည်း သင်တို့၏ မိတ်ဆွေကောင်း အနေဖြင့် ရပ်တည်၍ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။ EFI General သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

သင့်အနာဂတ်ကို EFI General နှင့်အတူ ကာကွယ်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံအကြောင်း ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

ရေကြောင်းကုန်စည် အာမခံထားဖို့ မည်သည့် စာရွက်စာတမ်းတွေ လိုအပ်ပါမလဲ။

အာမခံလျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များ

. အာမခံထားသူ၏ အမည်နှင့်နေရပ်လိပ်စာ

. ရေကြောင်းကုန်ပစ္စည်းတန်ဖိုး၊ စုစုပေါင်းအာမခံတန်ဖိုး

. သယ်ယူပို့ဆောင်မည့် ကုန်ပစ္စည်းများစာရင်း

. သယ်ယူပို့ဆောင်သည့် ရေယာဉ်အမျိုးအစား

. ကုမ္ပဏီမှတောင်းခံသည့် စာရွက်စာတမ်းများ၊ ရေယာဉ်လိုင်စင်မိတ္တူ၊ ကုန်ပစ္စည်းပို့ဆောင်ခွင့်လိုင်စင် မိတ္တူများ လည်း လိုအပ်ပါသည်။

အာမခံထားသူသည် ဆိပ်ကမ်းမှ ရေယာဉ် ထွက်ခွာမည့် (သို့) ဆိပ်ကမ်းသို့ ရေယာဉ်ဆိုက်ရောက်မည့် အနီးစပ်ဆုံး ရက်များအား ကုမ္ပဏီသို့ အသိပေး အကြောင်းကြားရမည် ဖြစ်ပါသည်။

စတင်မထွက်ခွာမှီ အပြောင်းအလဲ တစ်စုံတစ်ရာဖြစ်ရင် ဘယ်လိုလုပ်ရပါမလဲ။

ဆိပ်ကမ်းရက်လွန်ကြေးအတွက် ပရီမီယံ၏ ၁၀ ပေးဆောင်၍ ထပ်ဆောင်းအာမခံ အကာအကွယ်ရယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် EFIG Hotline No. 09 - 7777 8888 5 ကို ဆက်သွယ်နိုင်သလို သက်ဆိုင်ရာ အာမခံ အရောင်းကိုယ်စားလှယ်များကိုလည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

ပရီမီယံကြေး ဘယ်လိုပေးရပါမလဲ။ ဘယ်လိုတွက်ချက်လဲဆိုတာ ရှင်းပြပေးပါ။

ပရီမီယံကို တစ်လုံးတည်း၊ တစ်ကြိမ်တည်း ပေးသွင်းရမည်ဖြစ်ပါသည်။ ပရီမီယံနှုန်းထားများကို ကုန်ပစ္စည်းအမျိုးအစား၊ သယ်ဆောင်မည့်လမ်းကြောင်း နှင့် ရာသီဥတုပေါ်တွင် မူတည်၍ တွက်ချက်မည်ဖြစ်ပါသည်။

ဤအာမခံကို လျှောက်ထားမည်

အာမခံအကာအကွယ်ထားရှိခြင်းဖြင့် မမြင်နိုင်သော အန္တရာယ်များနှင့် တွေ့ကြုံရတဲ့အခါမှာ ငွေကြေးအထောက်အပံ့ရစေသည့်အပြင် နေ့စဉ်ဘဝမှာလည်း ကောင်းမွန်သော ငွေစုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုပဲ အာမခံအကာအကွယ်နှင့်အတူ သင်၏ကုန်ပစ္စည်းများကို ကာကွယ်လိုက်ပါ။