စစ်မှန်သော လူနေမှုဘဝ ဆီသို့

စစ်မှန်သော လူနေမှုဘဝ ဆီသို့

About EFI Life

EFI Life သည် ဝယ်ယူသူများအတွက် အတွေ့အကြုံသစ်များ ပေးစွမ်းနိုင်ရန် နားလည်ရလွယ်ကူသော၊ ဆန်းသစ်သော နည်းပညာများဖြင့် အစဉ်အမြဲ ကြိုးစားလျက်ရှိပါသည်။

EFI Life သည် ဝယ်ယူသူများအား အစဉ်အမြဲ ဦးစားပေး အလေးထားခြင်းဖြင့် မြန်မာနိုင်ငံ၏ ရှေ့ဆောင်အာမခံ ကုမ္ပဏီတစ်ခု ဖြစ်လာသည်အထိ ရည်မှန်းဆောင်ရွက်သွားမည် ဖြစ်ပြီး အာမခံနှင့် ပက်သတ်၍ မြန်မာပြည်သူ၊ ပြည်သားများ၏ ထင်မြင်ခံစားချက်များကိုလည်း အပြုသဘောဆောင် ပြောင်းလဲသွားစေရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့် အတူတူရှေ့ဆက်ကြဖို့ ဖိတ်ခေါ်ပါတယ်။ သင့်အတွက် စစ်မှန်သော ဘဝနေထိုင်မှုအား ကျွန်ုပ်တို့မှ ကူညီဖန်တီးပေးပါရစေ။ #LiveLifeTrulyTogether.


About EFI Life

Objective and Strategy

ကျွန်ုပ်တို့သည် ဝယ်ယူအားပေးသူများ၏ လိုအပ်ချက်များအပေါ် မူတည်၍ သင့်လျော်သော အာမခံဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ထို့အပြင် အာမခံဝယ်ယူသူများ အနေဖြင့် အာမခံ ဝန်ဆောင်မှုများ၏ သဘောသဘာဝများ၊ ရရှိနိုင်သော အကျိုးခံစားခွင့်များနှင့် စည်းမျဉ်းစည်းကမ်းများကို နားလည်စေရန်လည်း အာမခံ မဝယ်ယူမှီ ကတည်းကပင် သေချာစွာ ရှင်းပြ ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ အာမခံ ဝန်ဆောင်မှုများမှတစ်ဆင့် ကဏ္ဍပေါင်းစုံ အသီးသီးအတွက် ကောင်းမွန်သော လူမှုပတ်ဝန်းကျင် တစ်ခု ဖန်တီးရန်နှင့် မြန်မာပြည်သူ၊ ပြည်သားများအတွက် ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပိုင်ဆိုင်နိုင်စေရန် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။

Objective and Strategy

အဓိက ဝန်ဆောင်မှုများ

သင့်အသက်ကို မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များမှ အမှန်တစ်ကယ် ကာကွယ်ပေးပြီး၊ အပြည့်အဝ လုံခြုံမှု ရရှိစေတဲ့ EFI နှင့်အတူ ဘဝကို စစ်မှန်စွာ နေထိုင်လိုက်ပါ။