သိကောင်းစရာများ
အသက် (၃၅) နှစ်အရွယ် ဦးကိုဟာ ကားတစ်စီးကို ကျပ် သိန်း (၄၀၀) နဲ့ ဝယ်ယူခဲ့ပြီး ချေးငွေအသက်အာမခံကို ကားတန်ဖိုးနဲ့ ညီမျှတဲ့ အာမခံထားငွေကို ပုံသေအာမခံထားငွေ ပုံစံနဲ့ (၂)နှစ်သက်တမ်း ဝယ်ယူခဲ့ပါတယ်။
ပရီမီယံကြေး (၈၂၀,၀၀၀) ကျပ်ကို ပေးဆောင်ပြီးနောက် တစ်နှစ်အကြာမှာ ဦးကိုဟာ မတော်တဆ ထိခိုက်မှုတစ်ခုကြောင့် အသက်ဆုံးပါးခဲ့ပါတယ်။ ဦးကိုရဲ့မိသားစုဟာ ချေးငွေအသက် အာမခံမှရရှိတဲ့ လျော်ကြေးငွေကြောင့် ကားအတွက်ချေးငွေကို အရစ်ကျဆပ်ဖို့ ပူပန်စရာမလိုဘဲ ကားတစ်စီး ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။
သင့်စီးပွားအတွက် ချေးငွေအကာအကွယ် ရရှိနိုင်သော အာမခံ
မိသားစုအတွက် ဘဝရဲ့ပန်းတိုင်ကို အလျင်မီအောင် လျှောက်လှမ်းရင်း ငွေကြေးအခက်အခဲတွေကြောင့် ရတတ်မအေး ဖြစ်နေပြီလား? မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြောင့် သင့်မိသားစု ငွေကြေးအားဖြင့် ယိုင်နဲသွားခြင်း မရှိရလေအောင် ကြိုတင်စီမံထားဖို့ လိုပါတယ်။ ဒီအာမခံက သင့်ချေးငွေနဲ့အတူ သင့်ရော၊ သင့်မိသားစုကိုပါ ငွေကြေးအခက်အခဲမှ လွတ်မြောက်အောင် ဝန်ဆောင်မှုပေးနိုင်တဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။
အဓိက အကျိုးခံစားခွင့်များ


အာမခံထားသူသည် အာမခံအကျိုးခံစားခွင့်များအား တစ်ဦးထက်ပို၍ အချိုးကျ လွှဲပြောင်းပေးနိုင်ခြင်း။