• ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ

    ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ

သိကောင်းစရာများ

မြန်မာနိုင်ငံမှာ နာမကျန်းမှုနဲ့ မသက်ဆိုင်တဲ့သေဆုံးခြင်း အများစုသည် ယာဉ်မတော်တဆ ဖြစ်ခြင်း၊ အမြင့်မှ ပြုတ်ကျခြင်း၊ ရေနစ်ခြင်း၊ မီးလောင်မှုဖြစ်ပွားခြင်း စတဲ့အချက်တွေကြောင့်ဆိုတာ သင်သိပါသလား? 

ထိခိုက်ဒဏ်ရာတိုင်းအတွက် ထားရှိသင့်တဲ့ အာမခံ

နေ့စဉ်ဘဝမှာ ထိခိုက်ဒဏ်ရာ အသေးအဖွဲလေးကစပြီး ယာဉ်မတော်တဆမှုနဲ့ မီးဘေးအန္တရာယ်တို့လိုမျိုး မမျှော်လင့်ထားတဲ့မတော်တဆမှုတွေကြောင့် ကိုယ်ခန္ဓာထိခိုက်အနာတရဖြစ်မှာကို တစ်နေ့တစ်နေ့ စိုးရိမ်ပူပန်နေရပါသလား? ဒီအာမခံကသင့်ရဲ့နေ့စဉ်ဘဝမှာဘယ်လိုထိခိုက်ဒဏ်ရာမျိုးကိုမဆိုအကာအကွယ်ပေးထားနိုင်တဲ့အာမခံအမျိုးအစားတစ်ခုဖြစ်ပါတယ်။ 


ထိခိုက်ဒဏ်ရာတိုင်းအတွက် ထားရှိသင့်တဲ့ အာမခံ

အဓိက အကျိုးခံစားခွင့်များ

သေဆုံးခြင်းနှင့်ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းများအတွက်အာမခံထားငွေကိုအကျိုးခံစားခွင့်ရှိသူမှတစ်လုံးတည်း ပြန်လည်ရရှိနိုင်ခြင်း။
မတော်တဆမှုနှင့် ထိခိုက်ဒဏ်ရာရခြင်းများကြောင့် ဆေးရုံတက်ရခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်း၊ အလုပ်မလုပ်နိုင်ခြင်းများအတွက် အာမခံအကျိုးခံစားခွင့်ရရှိနိုင်ခြင်း။

ပရီမီယံနှုန်းထားများ

နှုန်းထားသတ်မှတ်ခြင်း

  • သာမန်ဝန်ထမ်းများအတွက် အာမခံထားရှိငွေ၏ (၀.၇)% ကိုတစ်ကြိမ်တည်း ပေးဆောင်ရမည်။ (ဥပမာ။  အာမခံထားငွေ (၁၀)သိန်းကျပ်အတွက် ပေးသွင်းရမည့် ပရီမီယံနှုန်းထားမှာ (၇,၀၀၀)ကျပ် သာ ဖြစ်သည်။)
  • တပ်မတော်သားများ၊ ပြည်သူ့ရဲ၊ လေယာဉ်ဝန်ထမ်း၊ လျှပ်စစ်ဝန်ထမ်းစသော အန္တရာယ်များသည့် အလုပ်အကိုင်များအတွက် အာမခံထားငွေ၏ ၁ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းပေးဆောင်ရမည်။


အနည်းဆုံးနှင့် အများဆုံး နှုန်းထား

  • အာမခံထားငွေအနည်းဆုံး ၅သိန်းကျပ်မှ အများဆုံး ကျပ်သိန်း၂၀၀ အထိ (သို့မဟုတ်) 1000 USD မှ  200,000 USD အထိထားရှိနိုင်ပါသည်။

သတ်မှတ်ချက်များ

  • မျက်မြင်အားဖြင့် ကျန်းမာရေး ကောင်းမွန်သူတိုင်း အာမခံ ထားရှိနိုင်ပါသည်။ 
  • ၁၈ နှစ်အတွင်းရှိသူဖြစ်လျှင် မိဘ (သို့) အုပ်ထိန်းသူမှ အာမခံထားရှိပေးနိုင်ပါသည်။
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံ ထားရှိရန် အသက်ကန့်ချက် ရှိပါသလား။

ကိုယ်အင်္ဂါ ထိခိုက်မှု အာမခံ ထားရှိလိုသူသည် အသက် (၁၆)နှစ်မှ (၆၅)နှစ်အတွင်း ရှိရမည်ဖြစ်သည်။ 

အာမခံထားရှိသူသည် မတော်တဆမှုကြောင့် ထာဝစဉ် မသန်စွမ်း ဖြစ်သွားပါက လျော်ကြေးငွေ မည်သို့ ရရှိနိုင်မည်နည်း။

အာမခံထားငွေ၏ ၁၀၀% ကို တစ်လုံးတည်း အပြည့်အဝပြန်လည်ရရှိနိုင်မည်ဖြစ်ပါသည်။

ယာဉ်မောင်းအလုပ်အကိုင်နှင့် ပစ္စည်းပို့ဆောင်သည့် အလုပ်သမားများ၏ ပရီမီယံနှုန်းထားကို ဖော်ပြပါ။

ဤသို့ အလုပ်လုပ်ကိုင်သူများအတွက် ပရီမီယံကြေးမှာ အာမခံထားငွေ၏ (၁)ရာခိုင်နှုန်း ဖြစ်သည်။ 

ဤအာမခံကို လျှောက်ထားမည်

ကိုယ်အင်္ဂါထိခိုက်မှုအာမခံထားရှိခြင်းဖြင့် မည်သူမဆို မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်အင်္ဂါထိခိုက်ဒဏ်ရာရခြင်းစသည်များဖြစ်ပွားသည့်အခါ ငွေကြေးအထောက်အပံ့ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင်နဲ့ သင့်မိသားစုကို ငွေကြေးယိုင်နဲ့ခြင်းမှ ကာကွယ်နိုင်ဖို့ အခုပဲ ပေါ်လစီရယူလိုက်ပါ။