• စာသင်သား အသက်အာမခံ

    စာသင်သား အသက်အာမခံ

သိကောင်းစရာများ

အသက် (၃၀)အရွယ် ဦးကျော်ဟာ (၁)နှစ်သား မောင်ချီချီအတွက် စာသင်သား အာမခံ ဝယ်ယူဖို့ စီစဉ်နေပါတယ်။ သူဟာ (၁၉)နှစ် စာသင်သား အသက်အာမခံပေါ်လစီကို ရွေးချယ်ခဲ့တာကြောင့် ချီချီ (၁၇)နှစ် ရောက်တဲ့အခါ စုစုပေါင်းကျပ်သိန်း (၅၀)ကို တစ်နှစ်ကို (၁,၂၅၀,၀၀၀)ကျပ်နဲ့ (၄) နှစ်အရစ်ကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အသက် (၂၇)အရွယ် မလဲ့လဲ့ဟာ (၅)နှစ်သမီး မရှီရှီအတွက် စာသင်သား အသက်အာမခံ ဝယ်ယူဖို့ စီစဉ်နေပါတယ်။ သမီးလေးအရွယ်ရောက်တဲ့အခါ စင်္ကာပူမှာ တက္ကသိုလ်ပညာရေး စည်းပူးနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ သူမဟာ စုစုပေါင်းကျပ်သိန်း (၂၀၀) ပေးသွင်းရတဲ့ (၁၅)နှစ် စာသင်သား အသက်အာမခံကို ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ရှီရှီ (၁၇)နှစ် ရောက်တဲ့အခါ စုစုပေါင်းကျပ်သိန်း (၂၀၀)ကို တစ်နှစ် (၅,၀၀၀,၀၀၀) ကျပ်နဲ့ (၄) နှစ် အရစ်ကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အနာဂါတ် ခေါင်းဆောင်လောင်းများအတွက် အာမခံ

ဒီအာမခံဟာ မိမိသားသမီးများ တက္ကသိုလ် ပညာရေးကို ဖြောင့်ဖြူးစွာ တတ်မြောက် နိုင်စေဖို့ အထောက် အကူ ပြုပေးတဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။ မိမိသားသမီးများရဲ့ ပညာရေးမျှော်မှန်းချက် ဆုံးခန်းတိုင်တဲ့အထိ ပညာသင် ကျောင်းနေစရိတ်အတွက် ပူပန်ကြောင့်ကျမှုမရှိ သင်ယူနိုင်စေရန်၊ ပညာရေးခေတ်မှာ သားသမီးတိုင်း ရည်မှန်းချက် ပန်းတိုင်ကို ခလုတ်မထိ၊ စူးမညှိစေဘဲ ငြိမ်းချမ်းစွာ သင်ယူနိုင်စေရန် ရည်ရွယ်ပြီး ဝန်ဆောင်မှု ပေးလျက် ရှိပါတယ်။ 


အနာဂါတ် ခေါင်းဆောင်လောင်းများအတွက် အာမခံ

အဓိက အကျိုးခံစားခွင့်များ

  • မိမိရင်သွေးသားသမီးများ၏ အနာဂတ်ပညာရေးအတွက် စိတ်အေးချမ်းသာမှုရှိစေခြင်း။ 
  • ငွေပြန်လည်ထုတ်ယူရာတွင် အာမခံထားငွေထက် ပိုမိုသော အာမခံကြေးကို ပြန်လည် ရရှိနိုင်ခြင်း။
  • အုပ်ထိန်းသူများသည် ပေါ်လစီ တည်မြဲနေစဉ်အတွင်း အမ်းငွေထုတ်ယူခြင်း၊ စာရင်းပိတ်သိမ်းခြင်း၊ ချေးငွေ ထုတ်ယူခြင်း စသည့် အခြားသော အကျိုးခံစားခွင့်များ ရရှိနိုင်ခြင်း။

  • အာမခံ ပရီမီယံကြေး ပေးသွင်းလျက်ရှိသော အုပ်ထိန်းသူသည် မမျှော်လင်ထားသော ဖြစ်ရပ်များကြောင့် အသက်ဆုံးရှုံးခြင်း (သို့) ထာဝစဉ် မသန်စွမ်း ဖြစ်ခဲ့ပါက အာမခံထားငွေကို ဆက်လက်ပေးသွင်းစရာ မလိုဘဲ ရင်သွေးငယ် အသက်(၁၇)နှစ် ပြည့်ချိန်တွင် အာမခံထားငွေ အပြည့်အဝကို ရင်သွေးမှ ပြန်လည်ရရှိနိုင်ခြင်း။
  • ပေါ်လစီ တည်မြဲနေစဉ်အတွင်း မိမိရင်သွေးငယ် အသက်ဆုံးရှုံးခြင်း (သို့) ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းများအတွက် အုပ်ထိန်းသူ (အာမခံထားပေးသူ)များအား  အာမခံလျော်ကြေးငွေကို တစ်လုံးထဲ ပြန်လည်ထုတ်ပေးခြင်း။

ပရီမီယံနှုန်းထားများ

အာမခံထားငွေ (၁၀)သိန်းကျပ်အပေါ် မူတည်၍ ပရီမီယံနှုန်းထားအား တွက်ချက်ပါသည်။ 

ပရီမီယံနှုန်းထားများ

တစ်လလျှင် (၃၆၀၀) ကျပ်မှ စတင်သည့် သက်သာသော ပရီမီယံနှုန်းထား

အာမခံထားငွေ အနည်းဆုံးကျပ် (၁၀) သိန်းမှ အများဆုံး ကျပ်သိန်း (၁,၀၀၀) အထိ ထားရှိနိုင်ပြီး ပရီမီယံ သက်တမ်း အနည်းဆုံး (၈)နှစ်မှ အများဆုံး (၁၉)နှစ် အထိ ထားရှိနိုင်ပါသည်။

တစ်လလျှင် (၃၆၀၀) ကျပ်မှ စတင်သည့် သက်သာသော ပရီမီယံနှုန်းထား
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

အာမခံပေါ်လစီ တစ်စောင်တွင် သားသမီးတစ်ဦးထက်ပို၍ ထားနိုင်ပါသလား။

အာမခံပေါ်လစီ တစ်စောင်တွင် သားသမီး (၁)ဦးသာ ထားရှိနိုင်ပါသည်။ 

အများဆုံး အာမခံထားငွေကို ဖော်ပြပါ။

အများဆုံး ကန့်သတ်ချက်မှာ သိန်း (၁,၀၀၀)ကျပ် ဖြစ်ပါသည်။ 

စာသင်သားအသက်အာမခံ ထားရှိနိုင်ရန် အသက်ကန့်သတ်ချက် ရှိပါသလား။

အာမခံထားသူသည် အသက် (၁၈)နှစ်မှ (၅၅)နှစ်အတွင်း ရှိရမည်ဖြစ်သည်။  

ဤအာမခံကို လျှောက်ထားမည်

စာသင်သား အသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် ငွေစုဆောင်းတဲ့ အလေ့အထကောင်းများကိုလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင့်ကလေးရဲ့ ပညာရေးကို အဆင့်မြှင့်တင်ပေးနိုင်ဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။