• ပြင်းထန်သောရောဂါ ကုသမှု အာမခံ

    ပြင်းထန်သောရောဂါ ကုသမှု အာမခံ

သိကောင်းစရာများ

မြန်မာနိုင်ငံမှာ လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကင်ဆာရောဂါများဟာ သေဆုံးမှုအများဆုံးရောဂါတွေဖြစ်တယ်ဆိုတာ သင်သိပါသလား။

ပြင်းထန်သော ရောဂါတိုင်းကို ဤအာမခံဖြင့် အကာအကွယ်ယူပါ

"နေ့မြင်ညပျောက်" ဆိုတဲ့ စကားအတိုင်း မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ မိမိထံ ကျရောက်လာတဲ့အခါ မိမိ မိသားစုနဲ့ မိမိ ချစ်ရသူတွေအတွက် ငွေကြေးအားဖြင့် ယိုင်နဲ့မသွားအောင် ကြိုတင်စီမံထားနိုင်ဖို့ လိုပါတယ်။ ပြင်းထန်ရောဂါကုသမှု အာမခံဟာဘဝမှာမမျှော်လင့်ထားတဲ့ကျန်းမာရေးအခြေအနေတွေကြုံလာရတဲ့အခါမိမိကိုယ်တိုင်နှင့်မိသားစုကိုပါငွေကြေးအားဖြင့်အပြည့်အဝ အကာအကွယ် ပေးနိုင်တဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။ 

ပြင်းထန်သော ရောဂါတိုင်းကို ဤအာမခံဖြင့် အကာအကွယ်ယူပါ

အဓိက အကျိုးခံစားခွင့်များ

  • နှလုံးရပ်ခြင်း (Heart Attack)
  • လေဖြတ်ခြင်း (Stroke)
  • အဓိကကိုယ်တွင်းအင်္ဂါများ အစားထိုးရခြင်း (Major Organ Transplant)
  • နှလုံးအဆို့ရှင် အစားထိုးရခြင်း သို့မဟုတ် ပြုပြင်ရခြင်း (Heart  Value Replacement or Repair)
  • မေ့မြောခြင်း (Coma)
  • ဘက်တီးရီးယားကြောင့် ဦးနှောက်အမြှေးယောင်ခြင်း (Bacterial Meningitis)
  • အသက်အန္တရာယ်ရှိသော ကင်ဆာ (Life-Threatening Cancer)
  • ကျောက်ကပ်ပျက်စီးခြင်း (Renal Failure)
  • လမ်းကြောင်းလွှဲ၍ နှလုံးခွဲစိတ်ကုသခြင်း (Coronary Artery bypass Surgery)
  • ပြင်းထန်စွာ မီးလောင်ခြင်း (Severe Burns)

ပရီမီယံနှုန်းထားများ

အာမခံထားငွေ တစ်ယူနစ်အပေါ် မူတည်၍ ပရီမီယံနှုန်းထားအား တွက်ချက်ပါသည်။ 

ပရီမီယံနှုန်းထားများ

သတ်မှတ်ချက်များ

  • အာမခံထားသူသည် အသက်(၆)နှစ်မှ (၆၀)နှစ်အတွင်း ရှိရမည် ဖြစ်ပြီး အသက်(၁၈)နှစ်အောက် ဖြစ်လျှင် မိဘ(သို့) အုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် အာမခံ ထားရှိနိုင်သည်။ 
  • အာမခံထားငွေ သိန်း (၅၀) အထက်နှင့် အသက် (၅၁) နှစ်အထက်ဖြစ်ပါက ကျန်းမာရေးဆေးစစ်မှုခံယူရန်လိုအပ်ပါသည်။
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

ပရီမီယံကို တစ်လတစ်ကြိမ် သို့မဟုတ် (၃)လတစ်ကြိမ် ပေးသွင်းနိုင်ပါသလား။

တစ်ဦးချင်းထားရှိမှုတွင် (၆)လတစ်ကြိမ်ပေးနှင့် (၁) နှစ်တစ်ကြိမ်သာ ပေးသွင်းနိုင်ပြီး အစုအဖွဲ့လိုက်ထားရှိမှုတွင် ၁လ၊ ၃လ၊ ၆လ၊ တစ်နှစ်ပေးသွင်းနိုင်ပါသည်။

အာမခံထားသူသည် ဆေးစစ်ရန် လိုအပ်ပါသလား။

အာမခံထားသူသည် အသက် (၅၁)နှစ်နှင့်အထက် ရှိလျှင် (သို့မဟုတ်) အာမခံထားငွေ သိန်း (၅၀)ထက် ပိုလျှင် ဆေးစစ်ရန် လိုအပ်ပါသည်။

ပြင်းထန်ရောဂါ အသက်အာမခံ ထားရှိရန် အသက်ကန့်သတ်ချက် ရှိပါသလား။

အသက် (၆)နှစ်မှ (၆၀)နှစ်အတွင်း ရှိသူတိုင်း အာမခံ ထားရှိနိုင်ပါသည်။

ဤအာမခံကို လျှောက်ထားမည်

ပြင်းထန်သောရောဂါကုသမှု အာမခံသည်  ဘဝမှာ မမျှော်လင့်ထားတဲ့ ပြင်းထန်သောရောဂါများ ကြုံရပါက ငွေကြေးအထောက်အပံ့ရရှိစေတဲ့ အာမခံအမျိုးအစားဖြစ်ပါသည်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင့်ဘဝအတွက် လုံခြုံမှု အပြည့်အဝ ရယူဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။