• နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

    နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ

သိကောင်းစရာများ

ကိုအောင်ဟာ မိသားစုမှာ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်ပြီး သူ့အပေါ် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များ ကျရောက်လာတဲ့ခါမျိုးမှာ မိသားစုအနာဂါတ်အတွက် ငွေကြေးအရ စိတ်ချထားလိုပါတယ်။ ကိုအောင်ရဲ့ လိုအပ်ချက်အပေါ် လိုက်ပြီး အာမခံအမျိုးအစားများကို ရွေးချယ်နိုင်ပါတယ်။ 

ငွေစုခြင်းဖြင့် အသက်ကယ်ပါ

နှစ်တိုငွေပင်ငွေရင်း အသက်အာမခံ ထားရှိခြင်းက ရေရှည်ငွေစုဆောင်း လိုသူများအတွက် အသင့်တော်ဆုံး အာမခံတစ်ခုပါပဲ။ နှစ်တိုငွေပင်ငွေရင်း အသက် အာမခံဆိုတာ ငွေစုဆောင်းရင်း အာမခံ အကာ အကွယ် ရရှိနိုင်ပြီး အသက်ဆုံးရှုံးခြင်း (သို့) ထာဝစဉ် မသန်မစွမ်းဖြစ်ခြင်း စသဖြင့် မမျှော်လင့်ထားတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာတဲ့အခါ ငွေကြေး အခက်အခဲ တစ်စုံတစ်ရာ မကြုံတွေ့ရလေအောင် ကာကွယ်ပေးတဲ့ အာမခံ အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် မိမိဘဝ အနာဂတ်အတွက် နှစ်တိုငွေပင်ငွေရင်း အသက် အာမခံ ပေါ်လစီရယူပြီး ဒီနေ့ပဲ ရင်းနှီးမြှပ်နှံလိုက်ပါ။
ငွေစုခြင်းဖြင့် အသက်ကယ်ပါ

အဓိက အကျိုးခံစားခွင့်များ

နောင်ရေးအတွက် စိတ်အေးချမ်းသာမှု ရှိစေခြင်း။

ချွေတာစုဆောင်းသည့် အလေ့အထကောင်း ရရှိစေပြီး ငွေကြေး တိုးပွားလာစေခြင်း။
တစ်လလျှင် (၇,၂၀၀)ကျပ်မှ စတင်၍ သက်သာသော ပရီမီယံနှုန်းထားဖြင့် ပေးသွင်းနိုင်ခြင်း။

အသက် ဆုံးရှုံးခြင်း (သို့) ထာဝစဉ် မသန်မစွမ်း ဖြစ်ခြင်းအတွက် အာမခံ လျော်ကြေးငွေ အပြည့်အဝ တစ်လုံးတည်း ထုတ်ပေးခြင်း။

သက်တမ်းစေ့ ပေါ်လစီအရ အာမခံထားရှိငွေ အပြည့်အဝ တစ်လုံးတည်း ထုတ်ပေးခြင်း။

အာမခံချက် ရှိသော သက်တမ်းစေ့ အကျိုးခံစားခွင့်ကြောင့် ငွေကြေးအရ စိတ်အေးချမ်း လုံခြုံမှု ရရှိစေခြင်း။

လိုသလို ပြောင်းလဲနိုင်သည့် အာမခံပေါ်လစီဖြစ်ခြင်း၊ ပေါ်လစီ စာရင်းပိတ်ခြင်း၊ အမ်းငွေ ထုတ်ယူခြင်း၊ ချေးငွေရယူနိုင်ခြင်း စသည့် အခြားပေါ်လစီ ခံစားခွင့်များ ရယူနိုင်ခြင်း။ 

ပရီမီယံနှုန်းထားများ

အာမခံထားငွေ (၁၀)သိန်းကျပ် အပေါ်တွင် မူတည်၍ လစဉ်ပရီမီယံနှုန်းထားကို တွက်ချက်ပါသည်။ 

ပရီမီယံနှုန်းထားများ

အာမခံထားငွေ ကျပ်သိန်း (၃၀) အပေါ်မူတည်၍ တစ်နှစ်စာပရီမီယံဖြင့် တွက်ချက်ဖော်ပြထားပါသည်။

အာမခံထားငွေ အနည်းဆုံး ကျပ် (၁၀)သိန်းမှ အများဆုံး ကျပ် သိန်း (၅၀၀) အထိ

အာမခံထားငွေ ကျပ်သိန်း (၃၀) အပေါ်မူတည်၍ တစ်နှစ်စာပရီမီယံဖြင့် တွက်ချက်ဖော်ပြထားပါသည်။
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

အာမခံပေါ်လစီ မဝယ်ယူမှီ ဆေးစစ်ရန် လိုအပ်ပါသလား။

အသက်အရွယ်နှင့် အာမခံထားငွေအပေါ် မူတည်၍ ဆေးစစ်ရန် လိုအပ်နိုင်ပါသည်။ 

အများဆုံး အာမခံထားငွေကို ဖော်ပြပါ။

အများဆုံး ကန့်သတ်ချက်မှာ သိန်း (၅၀၀)ကျပ် ဖြစ်ပါသည်။ 

အာမခံ ပရီမီယံကို မည်သို့ ပေးသွင်းနိုင်သနည်း။

အာမခံ ပရီမီယံကို တစ်လတစ်ကြိမ်၊ (၃)လတစ်ကြိမ်၊ (၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ် စသဖြင့် နှစ်သက်ရာ‌ ရွေးချယ်၍ ပေးသွင်းနိုင်ပါသည်။ 

ဤအာမခံကို လျှောက်ထားမည်

အသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် ငွေစုဆောင်းတဲ့ အလေ့အထကောင်းများကိုလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် အာမခံထားရှိပြီး သင့်ဝင်ငွေကို တိုးမြှင့်နိုင်ဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။