• ပညာရေးအသက် အာမခံ

    ပညာရေးအသက် အာမခံ

သိကောင်းစရာများ

ပညာရေးအာမခံဟာ သင့်ကလေးရဲ့ ပညာရေးပန်းတိုင်တွေနဲ့ အနာဂါတ် ရည်မှန်းချက်တွေကို ပြီးမြောက်စေဖို့ ငွေကြေးအားဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။ 

အသက်(၃၀)အရွယ် ဦးကျော်ဟာ (၅)နှစ်သား မောင်ချီချီအတွက် ပညာရေးအာမခံ ဝယ်ယူဖို့ စီစဉ်နေပါတယ်။ သူဟာ (၁၁)နှစ် ပညာရေးအာမခံ ပေါ်လစီကို ရွေးချယ်ခဲ့တာကြောင့် ချီချီ အသက်(၁၆)နှစ် ရောက်တဲ့အခါ အာမခံကြေး စုစုပေါင်း ကျပ်သိန်း (၅၀)ကို တစ်ကြိမ်မှာ (၁,၀၀၀,၀၀၀) ကျပ်စီ (၅)ကြိမ်အရစ်ကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။

အသက်(၂၇)နှစ်အရွယ် မလဲ့လဲ့ဟာ (၆)နှစ်သား မရှီရှီအတွက် ပညာရေးအာမခံတစ်ခု ဝယ်ယူဖို့ စီစဉ်လျက် ရှိပါတယ်။ သူမဟာ သူမရဲ့သမီးငယ် အရွယ်ရောက်တဲ့အခါ စင်္ကာပူမှာ တက္ကသိုလ်ပညာ ဆည်းပူးနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ သူမဟာ စုစုပေါင်း အာမခံထားငွေ ကျပ်သိန်း(၂၅၀)ကျပ်အတွက် (၁၄)နှစ်ပညာရေး အာမခံကို ရွေးချယ်ခဲ့တာကြောင့် ရှီရှီအသက် (၁၆)နှစ် ရောက်တဲ့အခါ စုစုပေါင်း ကျပ်သိန်း (၂၅၀)ကို တစ်နှစ်မှာ သိန်း (၅,၀၀၀,၀၀၀) ကျပ်စီ (၅)နှစ်အရစ်ကျ ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။


ကောင်းရာညွှန်လတ် အတတ်သင်စေ

မိဘတိုင်းဟာ သားသမီးတိုင်းအတွက် အကောင်းဆုံး ဖြစ်စေချင်ကြသူ ချည်းပါပဲ။ ပညာရေး ခေတ်ကြီးမှာ မိမိရဲ့ သားသမီးတွေ အများတန်းတူ ရင်ဘောင်တန်းနိုင်ဖို့၊ သားသမီးတို့ရဲ့ အနာဂတ် ပညာရေးခရီး ချောမွေ့စေဖို့ ပညာရေးအသက် အာမခံကို ထားရှိသင့်ပါတယ်။ တစ်ဖက်က ငွေစုဆောင်းရင်း တစ်ဖက်မှာလည်း မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များအတွက် အကာအကွယ် ပေးနိုင်တဲ့ အာမခံ အမျိုးအစား ဖြစ်ပါတယ်။ 

ကောင်းရာညွှန်လတ် အတတ်သင်စေ

အဓိက အကျိုးခံစားခွင့်များ

သေဆုံးမှု အကျိုးခံစားခွင့်။

ပရီမီယံ ကင်းလွတ်ခွင့်။

ပညာရေးအကျိုးခံစားခွင့်။

ချေးငွေရရှိနိုင်ခြင်း။
ထာဝစဉ်လုံးဝမသန်စွမ်း အကျိုးခံစားခွင့်။

ပေါ်လစီကို စာရင်းပိတ်ခြင်း။

အမ်းငွေထုတ်ယူခြင်း။

ပရီမီယံနှုန်းထားများ

အာမခံထားငွေ (၁၀)သိန်းကျပ် အပေါ်တွင် မူတည်၍ ပရီမီယံနှုန်းထားကို တွက်ချက်ပါသည်။ 

ပရီမီယံနှုန်းထားများ

အကြုံပြုလိုသော ပရီမီယံနှုန်းထား

အာမခံထားငွေ သိန်း (၅၀)ကျပ်အပေါ်တွင်မူတည်၍ ပရီမီယံနှုန်းထားအား တွက်ချက်ပါသည်။

အကြုံပြုလိုသော ပရီမီယံနှုန်းထား
EFI Life နဲ့ ဘာကြောင့်  လက်တွဲသင့်သလဲ။

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

အာမခံသက်တမ်းများကို ဖော်ပြပါ။

(၉)နှစ်၊ (၁၁)နှစ် နှင့် (၁၄)နှစ် စသဖြင့် နှစ်သက်ရာ ရွေးချယ်နိုင်ပါသည်။ 

ပညာရေးအသက်အာမခံ ထားရှိနိုင်ရန် အသက်ကန့်သတ်ချက် ရှိပါသလား။

အာမခံထားသူသည် အသက် (၁၈)နှစ်မှ (၆၅)နှစ်အတွင်း ရှိရမည်ဖြစ်သည်။  

အများဆုံး အာမခံထားငွေကို ဖော်ပြပါ။

အများဆုံး ကန့်သတ်ချက်မှာ သိန်း (၁,၀၀၀)ကျပ် ဖြစ်ပါသည်။ 

ဤအာမခံကို လျှောက်ထားမည်

ပညာရေး အသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် ငွေစုဆောင်းတဲ့ အလေ့အထကောင်းများကိုလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင့်ကလေးရဲ့ ပညာရေးကို အဆင့်မြှင့်တင်ပေးနိုင်ဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။