• မြွေအန္တရာယ် အသက်အာမခံ

    မြွေအန္တရာယ် အသက်အာမခံ


ကြိုတင်ကာကွယ် မြွေအန္တရာယ်

မြန်မာနိုင်ငံဟာ တောတောင်ရေ‌မြေ ပေါများတဲ့အားလျော်စွာ ဒီတောတောင်ကို အမှီသဟဲပြုပြီး ကိန်းအောင်းနေတတ်တဲ့ တောတွင်းတိရစ္ဆာန်တွေလည်း ပေါလှပါတယ်။ ဒီထဲမှာမှ လူ့အသက်ကို ဒုက္ခပေးနိုင်တဲ့ မြွေအန္တရာယ်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် အန္တရာယ်တစ်ခုပါ။

ကျေးလက်ဒေသမှာသာမက မြို့ပြပေါ်မှာပါ မြွေအန္တရာယ်ကို လူတိုင်း ကြုံတွေ့ရနိုင်ပါတယ်။ မြန်မာ နိုင်ငံမှာ ပျမ်းမျှအားဖြင့် တစ်နှစ်ကို အကြိမ်တစ်သောင်းထက် မနည်း မြွေအန္တရာယ် ကြုံတွေ့နေရပြီး လူ (၁,၀၀၀) ထက်မနည်း‌ မြွေကိုက်ခံရခြင်းကြောင့် သေဆုံးနေကြရပါတယ်။

ဒီအာမခံဟာ ကျေးလက်မြို့ပြမကျန် မြွေအန္တရာယ် ကြုံတွေ့ နိုင်သူတိုင်း မဖြစ်မနေ ထားသင့်တဲ့ အာမခံတစ်ခုပါ။ မြွေအန္တရာယ်ကြောင့် အသက်ရှုံးဆုံးခြင်း၊ ဆေးရုံဆေးခန်း တက်ရခြင်းနဲ့ ဆေးကုသမှု ကုန်ကျစရိတ်များအတွက် ငွေကြေးအရ အကာ အကွယ် ပေးနိုင်တဲ့ အာမခံ အမျိုးအစား ဖြစ်ပါတယ်။ 

ကြိုတင်ကာကွယ် မြွေအန္တရာယ်

အဓိက အကျိုးခံစားခွင့်များ

မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးခြင်းအတွက် အာမခံ အကျိုးခံစားခွင့် အပြည့်အဝ ရရှိနိုင်ခြင်း။ 
မျက်စိကွယ်ခြင်း သို့မဟုတ် ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းများအတွက် အကျိုးခံစားခွင့် ရရှိနိုင်ခြင်း။ 
ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ဖြတ်တောက်ရခြင်းအတွက် အာမခံအကျိုးခံစားခွင့် ရရှိနိုင်ခြင်း။ 

သယ်ယူပို့ဆောင်‌ရေးစရိတ်နှင့် ဆေးရုံတက်စရိတ်များအတွက် အကျိုးခံစားခွင့် ရရှိနိုင်ခြင်း။

ပရီမီယံ နှုန်းထားများ

ဝယ်ယူမည့် အာမခံနှုန်းထားလိုက် ပရီမီယံနှုန်းထားကို ကြည့်ရှုနိုင်ပါသည်။

ပရီမီယံ နှုန်းထားများ

အကျိုးခံစားခွင့်ပြဇယား

အာမခံ တစ်ယူနစ် ဝယ်ယူခြင်း၏ အကျိုးခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ 
အကျိုးခံစားခွင့်ပြဇယား
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

ကိုယ်အင်္ဂါ အစိတ်အပိုင်း ဖြတ်တောက်ရခြင်းနှင့် မျက်စိကွယ်ခြင်းအတွက် အာမခံလျော်ကြေး ရရှိနိုင်ပါသလား။

ဆရာဝန်၏ ဆေးစာအတိုင်း လျော်ကြေးအကျိုးခံစားခွင့် ရရှိနိုင်ပါသည်။ 

အာမခံသက်တမ်းကို ဖော်ပြပါ။

အာမခံသက်တမ်းမှာ တစ်နှစ် ဖြစ်ပါသည်။ 

ဤအာမခံကို လျှောက်ထားမည်

‌မြွေအန္တရာယ် အသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် အကာအကွယ်တစ်ခုလည်း ရရှိနိုင်စေပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင်နဲ့ သင့်မိသားစု ဘဝနောင်ရေး အကာအကွယ်ပေးနိုင်ဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။