• ပရီမီယံ တစ်ကြိမ်ပေး ချေးငွေအသက်အာမခံ

    ပရီမီယံ တစ်ကြိမ်ပေး ချေးငွေအသက်အာမခံ

သိကောင်းစရာများ

အသက် (၃၆) အရွယ် ဦး‌ကိုဟာ ကျပ်သိန်း (၃,၀၀၀) တန်ကြေးရှိတဲ့ ကွန်ဒိုတိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ (၅) နှစ်သက်တမ်း ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံကို အာမခံထားငွေ ကျပ်သိန်း (၃,၀၀၀) နဲ့ ဝယ်ယူခဲ့ပြီး ပရီမီယံကြေး (၇၁) သိန်း (၇) သောင်းကျပ်ကို တစ်ကြိမ်တည်း ပေးဆောင်ခဲ့ပါတယ်။

ဦးကိုဟာ (၃) နှစ် ကြာပြီးနောက် ပြင်းထန်ရောဂါ ဝေဒနာနဲ့ အသက်ဆုံးပါးခဲ့ပါတယ်။ သူ့မိသားစုဟာ ချေးငွေအသက်အာမခံမှရရှိတဲ့ အာမခံထုတ်ယူငွေနဲ့ ကွန်ဒိုတိုက်ခန်းချေးငွေကို ပေးသွင်းခဲ့ပါတယ်။ ဦးကိုရဲ့ ချစ်ခင်ရတဲ့ မိသားစုအနေနဲ့ နောင်လာမယ့် အရစ်ကျ ချေးငွေပေးဆောင်ရမှုများကို ပူပန်စရာမလိုဘဲ ဘဝကို ပုံမှန်အတိုင်း နေထိုင်သွားနိုင်ကြပါတယ်။

သင့်စီးပွားအတွက် ချေးငွေ ရယူနိုင်မယ့် အာမခံ

သင့်လုပ်ငန်း တိုးပွားဖို့ လိုအပ်တဲ့ ချေးငွေကို ရယူရင်း တစ်ပြိုင်နက် ချေးငွေအတွက် အာမခံအကာအကွယ် အပြည့်အဝ ရယူနိုင်ပါတယ်။ အကယ်၍ အာမခံထားသူဟာ သေဆုံးခြင်းနဲ့ ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းကြောင့် ချေးငွေကို ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်အခါ ချေးငွေအသက်အာမခံ ထားရှိမှုဟာ အာမခံထားသူရဲ့ မိသားစုအတွက် ငွေကြေးဆိုင်ရာ အကာအကွယ်တစ်ခု ဖြစ်စေမယ့် အာမခံအမျိုးအစား ဖြစ်ပါတယ်။

သင့်စီးပွားအတွက် ချေးငွေ ရယူနိုင်မယ့် အာမခံ

အဓိက အကျိုးခံစားခွင့်များ

သေဆုံးခြင်းနှင့် ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်းများအတွက် ချေးငွေပြန်ဆပ်ရန် မလိုဘဲ အာမခံထားသော ချေးငွေပမာဏအတိုင်း တစ်လုံးတည်း ပြန်လည်ရရှိနိုင်ခြင်း
ချေးငွေအတွက် စိတ်ပူပန်မှုကင်းစွာ နေထိုင်နိုင်ခြင်း။ 

အာမခံထားသူသည် အာမခံအကျိုးခံစားခွင့်များအား တစ်ဦးထက်ပို၍ အချိုးကျ လွှဲပြောင်းပေးနိုင်ခြင်း 


အာမခံထားသူ၏ မိသားစုအား ချေးငွေအာမခံဖြင့် အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း။ 

ပရီမီယံ နှုန်းထားများ

အာမခံထားငွေ (၁,၀၀၀)ကျပ်အပေါ် မူတည်၍ ပရီမီယံနှုန်းထားကို တွက်ချက်ပါသည်။ 

ပရီမီယံ နှုန်းထားများ

သတ်မှတ်ချက်များ


အဓိကအင်္ဂါရပ်များ

အာမခံထားရှိသူသည် အာမခံအကျိုးခံစားခွင့်များကို မည်သူတစ်ဦးတစ်ယောက် သို့မဟုတ် တစ်ဦးတစ်ယောက်ထက်ပို၍ဖြစ်စေ၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဘဏ်များကို အချိုးကျရာခိုင်နှုန်းဖြင့် လွှဲပြောင်းပေးခွင့်ရှိသည်။


အာမခံသက်တမ်း

အာမခံသက်တမ်းသည် (၃)နှစ်မှ (၁၅)နှစ်အထိထားရှိနိုင်သည့်အပြင် ချေးငွေပြန်ဆပ်ရမည့် သက်တမ်းနှင့် ကိုက်ညီရမည်ဖြစ်သည်။ 


အာမခံထားရှိနိုင်သော အသက်အပိုင်းအခြား

အသက် (၁၈)နှစ်မှ (၆၂)နှစ်အထိ အာမခံဝယ်ယူနိုင်သည်။ 


အာမခံထားနိုင်သည့် ငွေပမာဏ

အနည်းဆုံး ၁,၀၀၀,၀၀၀ ကျပ်မှစ၍ အများဆုံးပမာဏကို ဘဏ်များနှင့် သက်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ အမျိုးမျိုးသော တွက်ချက်မှုများဖြင့် ကန့်သတ်ထားရှိနိုင်သည်။ 

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

အာမခံသက်တမ်းကို ဖော်ပြပါ။

အာမခံသက်တမ်းသည် (၃)နှစ်မှ (၁၅)နှစ် သို့မဟုတ် ချေးငွေပြန်ဆပ်ရမည့် သက်တမ်းနှင့် ကိုက်ညီမှု ရှိရမည် ဖြစ်သည်။ 

ဤအာမခံကို လျှောက်ထားမည်

ပရီမီယံတစ်ကြိမ်ပေး ချေးငွေအသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် ငွေစုဆောင်းတဲ့ အလေ့အထကောင်းများကိုလည်း ရရှိနိုင်ပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင်နဲ့ သင့်မိသားစုရဲ့ နောင်ရေး စိတ်အေးနိုင်စေဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။