• တောင်သူလယ်သမား အသက်အာမခံ

    တောင်သူလယ်သမား အသက်အာမခံ

သိကောင်းစရာများ

မအေးဟာ သာမန်လက်လုပ်လက်စား ပြည်သူတစ်ဦးဖြစ်ပါတယ်။ သူမဟာ တောင်သူ လယ်သမား အသက်အာမခံကို အာမခံထားငွေ (၁၀)သိန်းကျပ်နဲ့ ဝယ်ယူခဲ့ပါတယ်။ ပေးသွင်းခဲ့တဲ့ တစ်နှစ်စာ ပရီမီယံ နှုန်းထားမှာ (၁၀,၀၀၀)ကျပ် ဖြစ်ပါတယ်။ 

(၆)လအကြာမှာတော့ မအေးဟာ မတော်တဆ ထိခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူမရဲ့ နေ့စဉ်ဝင်ငွေရရှိနေတဲ့ အလုပ်ကို မလုပ်ဆောင်နိုင် ဖြစ်သွားခဲ့ရပါတယ်။

သို့ပေမယ့် သူမဟာ အာမခံက ရရှိတဲ့ လျော်ကြေးငွေနဲ့ သူမရဲ့ ဆေးကုသစရိတ်ကို ကာမိခဲ့ပြီး နေ့စဉ်ဘဝမှာ ငွေကြေး ယိုင်နဲ့မှုမရှိ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ 

နေ့စဉ်ဘဝအတွက် မရှိမဖြစ် အာမခံ

တောင်သူလယ်သမားများနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအပြင် ရပ်ကွက်ကျေးရွာနေ ပြည်သူလူထုအထိ လူတိုင်း ထားရှိနိုင်တဲ့ အာမခံတစ်ခုပါ။ ဒီအာမခံဟာ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်နိုင်တဲ့ မတော်တဆမှုတွေ၊ ထိခိုက်ဒဏ်ရာ ရရှိမှုတွေနဲ့ ဆေးရုံတက်ရခြင်း စတာတွေကို ငွေကြေးအားဖြင့် အကာအကွယ် ပေးနိုင်တဲ့ အာမခံ အမျိုးအစား ဖြစ်ပါတယ်။

နေ့စဉ်ဘဝအတွက် မရှိမဖြစ် အာမခံ

အဓိက အကျိုးခံစားခွင့်များ

သေဆုံးခြင်း အကျိုးခံစားခွင့်။ 
ထိခိုက်ဒဏ်ရာရခြင်း အကျိုးခံစားခွင့်။
ထာဝစဉ် မသန်စွမ်း အကျိုးခံစားခွင့်။
ဆေးရုံတက်ရခြင်း အကျိုးခံစားခွင့်။ 

ပရီမီယံနှုန်းထားများ

အာမခံထားငွေ၏ (၁)% အပေါ်တွင် မူတည်၍ ပရီမီယံနှုန်းထားအား တွက်ချက်ပါသည်။ 

ပရီမီယံနှုန်းထားများ

သတ်မှတ်ချက်များ

  • မျက်မြင်အားဖြင့် ကျန်းမာရေး ကောင်းမွန်သူ မည်သူမဆို အာမခံ ထားရှိနိုင်သည်။ 
  • အသက် (၁၆)နှစ် နှင့် (၁၈)နှစ်အတွင်း ရှိသူများသည် မိဘ (သို့) အုပ်ထိန်းသူများမှတစ်ဆင့် အာမခံ ထားရှိနိုင်သည်။ 
  • အာမခံ ထားငွေအား တစ်လုံးတည်း (တစ်ကြိမ်တည်း)သာ ပေးသွင်းရမည်ဖြစ်သည်။ 
  • ဆေးရုံတက်ခြင်းအတွက် အာမခံကြေး ခံစားရာတွင် အာမခံထားငွေ သိန်း (၅၀)အတွက် တစ်ရက်လျှင် ဆေးရုံစရိတ် (၁)သိန်းကျပ်နှုန်း ခံစားခွင့် ရှိသည်။ 
  • အာမခံသက်တမ်းတစ်ခုအတွင်း ဆေးကုသမှု တစ်ကြိမ်လျှင် အများဆုံး ဆေးရုံတက်ရက် (၅)ရက်ဖြင့် (၃)ကြိမ်အထိ အကျိုးခံစားခွင့် ရှိသည်။
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

တောင်သူလယ်သမား အသက်အာမခံထားရှိရန် အသက်ကန့်သတ်ချက် ရှိပါသလား။

အသက် (၁၆)နှစ်မှ (၆၀)နှစ်အတွင်း မည်သူမဆို အာမခံ ထားရှိနိုင်ပါသည်။ 

ထိခိုက်ဒဏ်ရာ ရခြင်းများအတွက် လျော်ကြေး ခံစားခွင့် ရှိပါသလား။

ထိခိုက်ဒဏ်ရာရခြင်းများအတွက် ဆရာဝန်၏ ဆေးထောက်ခံချက် ရရှိသည်နှင့်တစ်ပြိုင်နက် လျော်ကြေးခံစားခွင့် ရရှိနိုင်ပါသည်။

တောင်သူလယ်သမား အသက်အာမခံကို မည်သူတို့ ဝယ်နိုင်သနည်း။

တောင်သူလယ်သမားများ၊ သူတို့၏ မိသားစုဝင်များနှင့် အခြားသော ရပ်ကွက်နေ ပြည်သူလူထုအားလုံး ဝယ်ယူနိုင်ပါသည်။ 

ဤအာမခံကို လျှောက်ထားမည်

တောင်သူလယ်သမား အသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် နေ့စဉ်ဘဝမှာ ပူပန်ကြောင့်ကျမှုကင်းစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင်နဲ့သင့်မိသားစု ပူပန်ကြောင့်ကျမှုကင်းကင်း နေထိုင်နိုင်ဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။