• ခရီးသွားအာမခံ

    ခရီးသွားအာမခံ

သိကောင်းစရာများ

ကိုမောင်ဟာ အလုပ်ကိစ္စတစ်ခုကြောင့် ရန်ကုန်မှ မြစ်ကြီးနားသို့ ခရီးသွားခဲ့ပါတယ်။ သူဟာ ခရီးစဉ် တစ်လျှောက် လုံခြုံစေဖို့ အထူးခရီးသွား အာမခံကို ဝယ်ယူထားခဲ့ပါတယ်။ 
လမ်းတစ်ဝက်မှာ မမျှော်လင့်ထားတဲ့ မတော်တဆမှုကြောင့် ကားတိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကိုမောင်ဟာ ခရီးသွားအာမခံက ရရှိခဲ့တဲ့ လျော်ကြေးငွေနဲ့ ဆေးကုသမှုခံယူရင်း သူ့ရဲ့ ဝင်ငွေကို ယိုင်နဲ့မှုမရှိ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ 

ပျော်ရွှင်ဖွယ် ခရီးစဉ်တိုင်းအတွက် ထားရှိသင့်တဲ့ အာမခံ

ခရီးသွား အာမခံဆိုတာ ခရီးသွား နေစဉ်အတွင်း ဖြစ်လာနိုင်တဲ့ မတော်တဆမှုတွေ၊ အသက်ဆုံးရှုံးမှုတွေ၊ ထိခိုက်ဒဏ်ရာ ရခြင်းတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ အာမခံတစ်ခုပါ။ ခရီးစဉ်တိုင်းကို လုံခြုံစေဖို့၊ စိတ်အေးချမ်းသာစွာ သွားလာနိုင်ဖို့နဲ့ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ကျရောက်လာတဲ့အခါ ဆုံးရှုံးမှု နည်းပါးစေဖို့၊ ငွေကြေးအားဖြင့် အထောက်အပံ့ရရှိစေဖို့ အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ အာမခံ အမျိုးအစား ဖြစ်ပါတယ်။ 


ပျော်ရွှင်ဖွယ် ခရီးစဉ်တိုင်းအတွက် ထားရှိသင့်တဲ့ အာမခံ

အဓိက အကျိုးခံစားခွင့်များ

အာမခံထားသူ ခရီးသွားစဉ် သေဆုံးခြင်းနှင့် ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းများအတွက် အာမခံထားငွေ၏ အဆ (၁)သောင်းအား ပြန်လည်ရရှိနိုင်ခြင်း။ 


ခရီးသွားစဉ် ထိခိုက်ဒဏ်ရာ ရခြင်းများနှင့် မတော်တဆမှုကြောင့် ဆေးရုံတက်ရခြင်းများအတွက် လျော်ကြေးခံစားခွင့် ရရှိနိုင်ခြင်း။ 

ပရီမီယံနှုန်းထားများ

ပြည်တွင်းခရီးသွား အာမခံ

ပရီမီယံနှုန်းထားများ

အခြား ခရီးသွားအာမခံများ

မိုင် (၁၀၀)အောက် ခရီးသွား အာမခံနှင့် အထူးခရီးသွားအာမခံ နှုန်းထားများ

အခြား ခရီးသွားအာမခံများ
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

ခရီးသွားအာမခံ အမျိုးအစားများကို ဖော်ပြပါ။

  • ပြည်တွင်းခရီးသွား အာမခံ
  • မိုင် (၁၀၀)အောက် ခရီးသွား အာမခံ
  • အထူးခရီးသွား အာမခံ

ဤအာမခံကို လျှောက်ထားမည်

ခရီးသွားအာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် ပျော်ရွှင်စဖွယ် ခရီးစဉ်တစ်ခုအဖြစ် ဖန်တီးပေးနိုင်ပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်တစ်ခု စတင်ဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။