• စုပေါင်းအသက်အာမခံ

    စုပေါင်းအသက်အာမခံ

သိကောင်းစရာများ

ဝန်ထမ်းမတည်မြဲတဲ့ လုပ်ငန်းခွင်ဟာ စီးပွားရေးလုပ်ငန်းတွေကြား ရေရှည်အောင်မြင်နိုင်ဖို့ ခက်ပါလိမ့်မယ်။ 

လုပ်ငန်းရှင်ဘက်မှမိမိဝန်ထမ်းများ၏လုပ်ငန်းခွင်အတွင်းနှင့်လုပ်ငန်းခွင်ပြင်ပတွင်အသက်ဆုံးရှုံးမှုများနှင့်ကိုယ်လက်အင်္ဂါထိခိုက်မှုများအတွက် ငွေကြေးအကျိုးခံစားခွင့်များရရှိနိုင်သောစုပေါင်းအသက်အာမခံထားရှိပေးခြင်းဟာဝန်ထမ်းကောင်းများတည်မြဲစေဖို့နဲ့ ကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်ဖို့ အရေးပါတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

စုပေါင်းအသက်အာမခံ ထားရှိခြင်းဖြင့် သင့်စီးပွားပြိုင်ဘက်များကြားမှာ ပြည့်စုံအောင်မြင်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။


သင့် ဝန်ထမ်းများအတွက် အသက်အာမခံ

ကောင်းမွန်တဲ့ အကျိုးခံစားခွင့်တွေဟာ ဝန်ထမ်းများအတွက် ဆုလာဘ်တစ်ခုလို ခံစားရစေပြီး လုပ်ငန်းခွင်အတွင်း စိတ်အားထက်သန်စေတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။စုပေါင်းအသက်အာမခံသည်အလုပ်ရှင်မှလည်းကောင်း(သို့မဟုတ်) လုပ်သားများဆန္ဒအလျောက်လည်းကောင်းအာမခံထားရှိနိုင်ပါသည်။

ဝန်ထမ်းများ အသက်သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရရှိခြင်းနဲ့ မမျှော်လင့်ထားသော ကိစ္စရပ်များကြောင့် ဆုံးရှုံးမှုမဖြစ်ရလေအောင်အကာအကွယ်ယူလိုတဲ့လုပ်ငန်းရှင်များအတွက်သင့်တော်တဲ့အာမခံအမျိုးအစားဖြစ်ပါတယ်။

သင့် ဝန်ထမ်းများအတွက် အသက်အာမခံ

အဓိက အကျိုးခံစားခွင့်များ

အာမခံထားသူ သေဆုံးခြင်းအတွက် အာမခံထားငွေအပြည့်အဝကို တစ်လုံးတည်း ပြန်လည်ရရှိနိုင်ခြင်း။ 
ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အလုပ်မလုပ်ကိုင်နိုင်ခြင်းများအတွက် အကျိုးခံစားခွင့် ရရှိနိုင်ခြင်း။ 
ထာဝစဉ် မသန်မစွမ်း ဖြစ်ခြင်းအတွက် အာမခံထားငွေကို တစ်လုံးတည်း ပြန်လည်ရရှိနိုင်ခြင်း။ 

ပရီမီယံနှုန်းထားများ

အာမခံထားငွေ၏ (၁)% အပေါ်တွင် မူတည်၍ ပရီမီယံနှုန်းထားအား တွက်ချက်ပါသည်။ (အာမခံထားငွေမှာ အနည်းဆုံး (၁၀,၀၀၀)ကျပ်မှ အများဆုံး ကျပ်သိန်း (၅၀၀) အထိ ဖြစ်ပါသည်။)
ပရီမီယံနှုန်းထားများ

သတ်မှတ်ချက်များ

  • အသက်(၄၅)နှစ်ကျော်လျှင်သော်လည်းကောင်း၊အာမခံထားငွေ(၁၀)သိန်းအထက်ကျော်လျှင်သော်လည်းကောင်း၊ကျန်းမာရေးစစ်ဆေးချက်ခံယူရန် လိုအပ်ပါသည်။
  • ဝန်ထမ်းနှုတ်ထွက်၊ ပြောင်းရွှေ့၊ ထုတ်ပယ်ခံရခြင်းများဖြစ်ပေါ်ပါက အလုပ်သမားဟောင်းအမည်နေရာ၌ လုပ်သားသစ်ကို (ပရီမီယံကြေး ထပ်မံပေးဆောင်ရန် မလိုဘဲ) ဖြည့်စွက်၍ အာမခံထားခွင့်ရှိပါသည်။
  • လုပ်ငန်းရှင်မှဖြစ်စေ ဝန်ထမ်းများကိုယ်တိုင် ဖြစ်စေ အနည်းဆုံး လူ (၅) ယောက်မှစ၍ စုပေါင်းအာမခံ ထားရှိနိုင်ပါသည်။ 
  • အာမခံထားရှိမည့်သူတိုင်း မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ။

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

လူအရေအတွက် အနည်းဆုံး မည်မျှမှ စတင်၍ စုပေါင်းအသက်အာမခံကို ထားရှိနိုင်မည်နည်း။

အနည်းဆုံး လူ(၅)ဦးမှ စတင်၍ စုပေါင်းအသက်အာမခံကို ထားရှိနိုင်ပါသည်။ 

အများဆုံး အာမခံထားငွေကို ဖော်ပြပါ။

အများဆုံး အာမခံထားငွေမှာ ငွေကျပ်သိန်း (၅၀၀)အထိ ဖြစ်သည်။ 

ကိုဗစ်၁၉ ရောဂါအတွက် အကာအကွယ် ရရှိနိုင်ပါသလား။

အာမခံထားသူသည် ကိုဗစ် ၁၉ရောဂါကြောင့် အသက်ဆုံးရှုံးပါက အာမခံထားငွေ၏ (၂)ဆအား လျော်ကြေးခံစားခွင့်အဖြစ် ပြန်လည် ရရှိနိုင်မည် ဖြစ်ပါသည်။ 

ဤအာမခံကို လျှောက်ထားမည်

စုပေါင်း အသက်အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင်  သင့်ဝန်ထမ်းရဲ့ ဘဝ လုံခြုံစေဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။