သိကောင်းစရာများ
အသက် (၃၅)နှစ်အရွယ် ဦးဝင်းမှာ ဇနီးနဲ့ ချစ်စရာကောင်းတဲ့ သားသမီး (၂)ယောက် ရှိပါတယ်။ သူဟာ အာမခံထားငွေ သိန်း (၂၀၀)ကျပ်နဲ့ နှစ်ချင်း အသက်အာမခံကို ထားရှိခဲ့ပြီး ပရီမီယံကြေး (၁၈၀,၀၀၀)ကျပ်ကို ပေးသွင်းခဲ့ပြီး ဖြစ်ပါတယ်။
ပြီးနောက် (၇)လအကြာမှာ ရုတ်တရက် ဆုံးပါးသွားခဲ့ပါတယ်။
သူမရဲ့ မိသားစုဟာ အာမခံလျော်ကြေးငွေ သိန်း (၂၀၀)ကျပ်ကို လက်ခံရရှိခဲ့ပြီး အိမ်ထောင်ဦးစီး ဆုံးရှုံးရလို့ ဖြစ်လာမယ့် ငွေကြေးအခက်အခဲကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။
တန်ဖိုးမဖြတ်နိုင်သော အသက်ကို အာမခံဖြင့် ကာကွယ်ပါ
လူအများစုဟာ အာမခံထားဖို့ စဉ်းစားပြီဆိုရင် မိမိတို့ရဲ့ အိမ်၊ခြံ၊မြေ၊ကားနဲ့ အခြား တန်ဖိုးကြီးအရာတွေကိုသာ ပထမဆုံး တွေးတောတတ်ကြပါတယ်။ တန်ဖိုးမဖြတ်နိုင်တဲ့ မိမိအသက်ကိုတော့ လုံးဝမေ့လျော့ နေခဲ့ကြပါတယ်။ သင့်ကိုချစ်တဲ့ မိသားစုအတွက် သင့်ကိုယ်သင် အာမခံထားရှိသင့်ပါတယ်။ ဒီအာမခံဟာ သင့်အပေါ် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာတဲ့အခါ ငွေကြေးဆိုင်ရာ ပူပန်ခြင်း မရှိရလေအောင် ကာကွယ်ပေးထားတဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။
အဓိက အကျိုးခံစားခွင့်များ

သင့်တင့်သော ပရီမီယံနှုန်းထားများဖြင့် အာမခံထားရှိနိုင်ခြင်း။
ထာဝစဉ် မသန်စွမ်း ဖြစ်ခြင်းအတွက် အာမခံထားငွေ အပြည့်အဝ ပြန်လည်ရရှိနိုင်ခြင်း။

သေဆုံးမှုအတွက် အာမခံထားငွေ အပြည့်အဝ ပြန်လည်ရရှိနိုင်ခြင်း။
