• လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု အာမခံ

    လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု အာမခံ


ဖေးမကြည်ဖြူ လက်တွဲကူ

ဖျားနာခြင်းဟာ လူတိုင်းရဲ့ လူတိုင်းရဲ့ လက်တစ်ကမ်းမှာ ရှိနေပေမဲ့ ဒီအရာအတွက်ကြိုတင်ပြင်ဆင်ထားဖို့ဘယ်သူမှမတွေးမိကြပါဘူး။လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှု အာမခံဟာအများပြည်သူအတွက်သင့်တင့်တဲ့ပရီမီယံနှုန်းထားတွေနဲ့အခြေခဆေးကုသမှုကုန်ကျစရိတ်တွေကို အကာ အကွယ် ပေးနိုင်တဲ့ အာမခံ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ 

ဖေးမကြည်ဖြူ လက်တွဲကူ

အဓိကအင်္ဂါရပ်များ

ပရီမီယံကြေးကိုတစ်လုံးတည်းပေးသွင်းပြီးလျှင်ပေးချေသည့်နေ့မှစ၍ အာမခံသက်တမ်း တစ်နှစ်အကျုံးဝင်ပါသည်။

 ရောဂါကြောင့် ဆေးရုံတက်ရခြင်း၊  မတော်တဆမှုကြောင့် ဆေးရုံတက်ရခြင်း၊ မတော်တဆ သေဆုံးခြင်း စသည်တို့အတွက် အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။

အသက် (၆)နှစ်မှ (၇၅)နှစ်အတွင်း၊ အသက် (၁၈)နှစ်အောက် ကလေးများအတွက် မိဘ သို့မဟုတ် အုပ်ထိန်းသူများမှတစ်ဆင့် အာမခံထားနိုင်ပါသည်။

ပရီမီယံနှုန်းထားများ

အာမခံထားရှိသူ၏ အသက်အရွယ်ပေါ်မူတည်၍ ပေးသွင်းရမည့် ပရီမီယံနှုန်းထားအခြေပြဇယား

ပရီမီယံနှုန်းထားများ

အဓိက အကျိုးခံစားခွင့်များ

  • ရောဂါနှင့် မတော်တဆမှုများကြောင့် ဆေးရုံတက်ရခြင်းအတွက် ဆေးရုံတက်ရက် တစ်ရက်လျှင် (၅,၀၀၀)ကျပ်နှုန်းဖြင့် အများဆုံး ရက် (၆၀)အထိ အကျိုးခံစားခွင့်။ 
  • မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် ငွေကျပ် (၅၀၀,၀၀၀) အထိ လျော်ကြေးခံစားခွင့်။
EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

EFI Life နဲ့ ဘာကြောင့် လက်တွဲသင့်သလဲ

ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

EFI Life သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI Life သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

ဘဝကိုစစ်မှန်စွာ အတူတကွနေထိုင်ကြပါစို့။

Download Proposal

Download Proposal

ဤအာမခံကို ဝယ်ယူရန်
Download Brochure

Download Brochure

ဤအာမခံကို ပိုမိုနားလည်ရန်

မေးလေ့ရှိသော မေးခွန်းများ

ဤအာမခံတွင် မည်သည့်အကာအကွယ်များ ရရှိနိုင်သနည်း။

ရောဂါကြောင့်သော်လည်းကောင်း၊ မတော်တဆမှုကြောင့်သော်လည်းကောင်းဆေးရုံတက်ရခြင်းနှင့် မတော်တဆမှုကြောင့်သေဆုံးခြင်းများအတွက် အကာအကွယ်များရရှိနိုင်ပါသည်။

ဤအာမခံအတွက် အနည်းဆုံး ပရီမီယံနှုန်းထားကို ဖော်ပြပါ။

အနည်းဆုံး ပရီမီယံနှုန်းထားမှာ (၅,၀၀၀)ကျပ် ဖြစ်ပါသည်။ 

ဤအာမခံကို လျှောက်ထားမည်

လူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှု အာမခံ ထားခြင်းဖြင့် မမျှော်လင့်ထားတဲ့ ဖြစ်ရပ်များနဲ့ ရင်ဆိုင်ရတဲ့အခါ ငွေကြေး အထောက်အပံ့ ရရှိစေတဲ့အပြင် မိမိဘဝ လုံခြုံမှုအတွက် အကာအကွယ် ရရှိစေပါတယ်။ ဒါကြောင့် ဒီအာမခံထားရှိပြီး သင်နဲ့ သင့်မိသားစုဘဝနောင်ရေး စိတ်အေးရစေဖို့ အခုပဲ ပေါ်လစီ ရယူလိုက်ပါ။