သင့်ငွေသွားလေရာ အမြဲလုံခြုံစေမှာ
ယနေ့ခေတ်တွင် အမျိုးမျိုးသော အကြောင်းတရားတွေကြောင့် ငွေသားသယ်ယူပို့ဆောင်မှုပိုင်းမှာ မလုံခြုံမှုတွေ တစ်နေ့တစ်ခြား မြင့်တတ်လာပါတယ်။
ကျွန်ုပ်တို့ရဲ့ ငွေပို့ငွေသယ်အာမခံဟာ သင့်လုပ်ငန်းမှငွေကြေးများ တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်စဉ်အတွင်း အင်အားသုံး၍လုယက်ခံရခြင်း၊ ခိုးယူခံရခြင်းကြောင့် ဆုံးရှုံးသွားပါက ငွေများပြန်လည်ရရှိစေရန် အကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ ငွေပို့ငွေသယ်အာမခံဟာ တန်ဖိုးရှိလှတဲ့သင့်ငွေများ သယ်ယူပို့ဆောင်နေစဉ်ကာလအတွင်း စိုးရိမ်စရာမရှိပဲ သွားလေရာ လုံခြုံစိတ်ချရစေရန် ယခုပဲ အကာအကွယ်ပေးနေပါပြီ။
အဓိက အင်္ဂါရပ်များ

အာမခံသက်တမ်း
. (၁)ရက်မှ (၁)နှစ်အထိ

အာမခံအကာအကွယ်
. ငွေသားများကို တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်စဉ်အတွင်း ခိုးယူမှု၊ လုယက်မှု များကြောင့် ဆုံးရှုံးသွားသော ငွေပမာဏကို ပြန်လည်ပေးလျော်မည် ဖြစ်ပါသည်။

အာမခံထားငွေ
. သယ်ယူပို့ဆောင်မည့် ငွေပမာဏပေါ်တွင် မူတည်ပါသည်။