• ငွေသားလုံခြုံမှုအာမခံ

    ငွေသားလုံခြုံမှုအာမခံ


ငွေသားလုံခြုံစိတ်ချရဖို့ ငွေသားလုံခြုံမှု အာမခံထားကြပါစို့

မိမိလုပ်ငန်းတည်ရှိရာနေရာတွင် သိမ်းဆည်းထားသော ငွေများ ဖောက်ထွင်းခိုးယူခံရခြင်းနဲ့ လုယက်ခံရခြင်း တို့အတွက် တွေးတောပူပန်နေပါသလား?

သင့်ရဲ့တန်ဖိုးရှိလှတဲ့ အချိန်တွေကို မသမာတဲ့လုပ်ရပ်တွေကြောင့် အထိခိုက်မခံပါနဲ့။

လူကြီးမင်း၏ စီးပွားတိုးတက်ရေးအတွက် စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရန် ယခုပဲ ငွေသားလုံခြုံမှု အာမခံထားခြင်းဖြင့် ကာကွယ်လိုက်ပါ။

ငွေသားလုံခြုံစိတ်ချရဖို့ ငွေသားလုံခြုံမှု အာမခံထားကြပါစို့

အဓိကအင်္ဂါရပ်များ

အာမခံသက်တမ်း

. အနည်းဆုံး (၁) ရက်မှ အများဆုံး (၁)နှစ်အထိ

အာမခံအကာအကွယ်

. ဖောက်ထွင်းခိုးယူခံရခြင်း

. လက်နက်ဖြင့်ခြိမ်းခြောက်၍ လုယက်ခံရခြင်း

    အာမခံထားငွေ

    . သိမ်းဆည်းမည့်ငွေပမာဏပေါ်တွင် မူတည်ပါသည်။


    ပရီမီယံနှုန်းထားများ

    အစိုးရနှင့် ပုဂ္ဂလိကဘဏ်များအတွက်

    . အများဆုံးအာမခံထားငွေ၏ .%

    . အနည်းဆုံးအာမခံထားငွေ၏ ၀.%

    ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက်

    . အာမခံထားငွေ၏ ၁ %

    လျော်ကြေးငွေ ပေးလျော်ခြင်း

    အာမခံထားသူအနေဖြင့် ငွေကြေးဆုံးရှုံးမှု တစ်စုံတစ်ရာဖြစ်ပွားပါက EFI General သို့ အမြန်ဆုံး အသိပေး အကြောင်းကြားရမည် ဖြစ်ပါသည်။

    Hotline: 09 7777 8888 5



    EFI General နဲ့ ဘာကြောင့်လက်တွဲသင့်သလဲ။

    EFI General နဲ့ ဘာကြောင့်လက်တွဲသင့်သလဲ။

    ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့် ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည် Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော ထိပ်တန်းစီးပွားရေးလုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။

    ကျွန်ုပ်တို့၏ အာမခံအမျိုးအစားများသည် တစ်ဦးတစ်ယောက်ချင်း ဝယ်ယူသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အတွက်ပါ ကာကွယ်စောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းများနှင့်အညီ နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်သော ရေရှည်ဆက်ဆံမှုများ တည်ဆောက်ရန် အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။ EFI ၏ အဓိကရပ်တည်ချက်မှာ ဝယ်ယူအားပေးသူများ ကို မမြင်နိုင်သော အန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် ကူညီပေးခြင်းအပြင် အမှန်တကယ် လိုအပ်သောအချိန်တွင်လည်း သင်တို့၏ မိတ်ဆွေကောင်း အနေဖြင့် ရပ်တည်၍ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။ EFI General သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့် နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။ ၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI သည် အာမခံအပေါ်  ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။

    ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။

    သင့်အနာဂတ်ကို EFI General နှင့်အတူ ကာကွယ်ကြပါစို့။

    Download Proposal

    Download Proposal

    ဤအာမခံကို ဝယ်ယူရန်
    Download Brochure

    Download Brochure

    ဤအာမခံအကြောင်း ပိုမိုနားလည်ရန်

    မေးလေ့ရှိသော မေးခွန်းများ

    မည်သူတွေ အာမခံထားလို့ ရနိုင်ပါသလဲ။

    လုပ်ငန်းရှင်များအပြင် မိမိလက်ဝယ်ရှိ ငွေများကို ညအိပ်သိမ်းဆည်းမှုများလည်း အာမခံထားသူအဖြစ် ထားရှိခွင့် ရှိပါသည်။

    ငွေသားလုံခြုံမှု အာမခံထားဖို့ မည်သည့် စာရွက်စာတမ်းတွေ လိုအပ်ပါမလဲ။

    . အဆိုပြုလွှာ အပြည့်အစုံ

    . နေ့စဉ်ငွေသား အသွင်း အထုတ်စာရင်းမှတ်တမ်း

    . ငွေကိုင်ဝန်ထမ်း၏ အမည် (အနည်းဆုံး နှစ်ဦး)

    . မှတ်ပုံတင်မိတ္တူ

     

    ဤအာမခံကို လျှောက်ထားမည်

    အာမခံအကာအကွယ်ထားရှိခြင်းဖြင့် မမြင်နိုင်သော အန္တရာယ်များနှင့် တွေ့ကြုံရတဲ့အခါမှာ ငွေကြေးအထောက်အပံ့ရစေသည့်အပြင် နေ့စဉ်ဘဝမှာလည်း ကောင်းမွန်သော ငွေစုတတ်တဲ့ အလေ့အကျင့်ကောင်းကို ရရှိစေမှာ ဖြစ်ပါတယ်။

    ဒါကြောင့် ယခုပဲ အာမခံအကာအကွယ်နှင့်အတူ သင်၏ငွေကို တိုးပွားအောင် ဆောင်ရွက်လိုက်ပါ။