မမြင်နိုင်သော အန္တရာယ်များမှ သင့်ပို့ကုန်သွင်းကုန်များအတွက် ကြိုတင် ကာကွယ်လိုက်ပါ
ပြည်ပနိုင်ငံများသို့ နိုင်ငံတော်မှ တရားဝင်တင်ပို့ရောင်းချခွင့် ပြုထားသည့် ကုန်ပစ္စည်းများအား စတင်ထွက်ခွာရာ ဆိပ်ကမ်းမှ သယ်ယူပို့ဆောင်ရာတွင် ၊ မခန့်မှန်းနိုင်ဘဲ ဖြစ်ပေါ်လာနိုင်သော မီးလောင်ဆုံးရှုံးမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ကုန်ပစ္စည်းပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းနှင့် ခိုးယူခြင်း စသည့် မမျှော်လင့်ထားတဲ့အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများ နဲ့ တွေ့ကြုံရတဲ့အခါ အကာအကွယ် ရရှိစေရန် ပြည်ပရေကြောင်းပို့ကုန် အာမခံကို ယခုပဲ ဝယ်ယူလိုက်ပါ။
ကျွန်ုပ်တို့၏ ပြည်ပရေကြောင်းပို့ကုန် အာမခံဟာ သတ်မှတ်ထားသော ခရီးစဉ် အတွင်း သင်တို့၏ ပို့ကုန် သွင်းကုန် ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်းအတွက် အကာအကွယ် ရရှိစေရန် ယခုပဲ အကူအညီပေးနေပါပြီ။

အာမခံအကာအကွယ်
- အာမခံထားသော ကုန်ပစ္စည်းများ၊ သယ်ဆောင်လာသည့် ရေယာဉ်တိမ်းမှောက်ခြင်း၊ သောင်တင်ခြင်း၊ နစ်မြှုပ်ခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မိုးကြိုးပစ်ခြင်း၊ ပြင်ပမှ အခြားအရာဝတ္ထုများနှင့် တိုက်မိခြင်း၊ မတော်တဆ ထိခိုက်မှုဖြစ်ခြင်း၊ ပြင်ပမှ ဘေးအန္တရာယ်ကြောင့် ဆိပ်ကမ်းကပ်ကုန်ချခြင်း၊ သာနာညီမျှစွန့်လွှတ်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသောကုန်ပစ္စည်းဆုံးရှုံးမှုအတွက် အကာအကွယ်ပေးပါသည်။
- ပြည်ပပို့ကုန်များအတွက် ရေကြောင်းအာမခံတွင် နိုင်ငံတကာ၌ အသုံးပြုနေသော Institute Cargo Clauses (A) 1.1.09 တွင် ဖော်ပြထားသော အကာအကွယ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

တံဆိပ်ခေါင်းတန်ဖိုး
- တံဆိပ်ခေါင်းတန်ဖိုးသည် အာမခံထားငွေ၏ ၀.၀၁% ဖြစ်သည်။

အာမခံထားနိုင်သည့် ကုန်ပစ္စည်း
- ပြည်ပနိုင်ငံများသို့ နိုင်ငံတော်မှ တရားဝင်တင်ပို့ရောင်းချခွင့် ပြုထားသည့် ကုန်ပစ္စည်းများ

အာမခံသက်တမ်း
● စတင်ထွက်ခွာရာ နေရာမှ ဦးတည်ရာနေရာသို့ ရောက်ရှိသည့် ခရီးတစ်ခေါက်အတွက်သာ

အာမခံလျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များ
- အာမခံထားသူ (ကုန်ပစ္စည်းပိုင်ရှင်များ၊ ပိုင်ရှင်၏ တရားဝင်ကိုယ်စားလှယ်များ) ၏ အမည်နှင့် နေရပ်လိပ်စာ
- သယ်ယူပို့ဆောင်မည့် ကုန်ပစ္စည်းများ အသေးစိတ်စာရင်း
- ကုန်ရောင်းကုန်ဝယ်ပြေစာ
- ကုန်ပစ္စည်း၏ တန်ဖိုးဖော်ပြကြောင်း အထောက်အထားများ လိုအပ်ပါသည်။