ဘဝခရီးလမ်းတွင် မသေချာမရေရာမှုများနှင့်
ကြုံတွေနိုင်ရပါသည်။ EFI သည် ၂၀၁၈ ခုနှစ်မှစတင်၍ အများပြည်သူတို့ လိုအပ်သော
အာမခံချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ EFI သည်
Excellent Fortune Development Group ၏ ကုမ္ပဏီခွဲတစ်ခုအနေဖြင့်
ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊
စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်း အစရှိသော
ထိပ်တန်းစီးပွားရေးလုပ်ငန်းများစွာ ပေါင်းစည်းပါဝင်သော အဖွဲ့အစည်း
တစ်ခုဖြစ်သောကြောင့် ငွေကြေးအားဖြင့် ခိုင်မာတောင့်တင်းသော
အာမခံကုမ္ပဏီလုပ်ငန်းဖြစ်ပါသည်။
ကျွန်ုပ်တို့၏
အာမခံအမျိုးအစားများသည် တစ်ဦးတစ်ယောက်ချင်း ဝယ်ယူသူများနှင့်
စီးပွားရေးလုပ်ငန်းရှင်များ အတွက်ပါ ကာကွယ်စောင့်ရှောက်မှုများ
ပေးလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများသည် ပြောင်းလဲနေသော
ခေတ်ရေစီးကြောင်းများနှင့်အညီ နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်သော
ရေရှည်ဆက်ဆံမှုများ တည်ဆောက်ရန် အဓိကထား၍ ဆောင်ရွက်လျက်ရှိပါသည်။ EFI ၏
အဓိကရပ်တည်ချက်မှာ ဝယ်ယူအားပေးသူများ ကို မမြင်နိုင်သော အန္တရာယ်များမှ
ကြိုတင်ကာကွယ်နိုင်ရန် ကူညီပေးခြင်းအပြင် အမှန်တကယ်
လိုအပ်သောအချိန်တွင်လည်း သင်တို့၏ မိတ်ဆွေကောင်း အနေဖြင့် ရပ်တည်၍
ကူညီဆောင်ရွက်သွားမည် ဖြစ်ပါသည်။ EFI General သည် ဒစ်ဂျစ်တယ် နည်းပညာ ဖြင့်
နားလည်ရန်လွယ်ကူသော အာမခံအမျိုးအစားများနှင့်အတူ ကောင်းမွန်သော
အတွေ့အကြုံများကို ဝယ်ယူသူများထံ ပေးနိုင်ရန် အဓိကထား ဆောင်ရွက်နေပါသည်။
၎င်းကဲ့သို့သော ဝယ်ယူသူအား အလေးထား ဦးစားပေးသည့် စနစ်ဖြင့် EFI သည်
အာမခံအပေါ် ပြည်သူများ၏ ထင်မြင်ခံစားမှု ပြောင်းလဲနိုင်သော အာမခံကုမ္ပဏီ
တစ်ခု အနေဖြင့် မြန်မာနိုင်ငံတွင် ဦးဆောင်နိုင်ရန် ရည်ရွယ်ပါသည်။
ကျွန်ုပ်တို့နှင့်အတူ လက်တွဲလိုက်ပါ။ သင့်ဘဝကို စစ်မှန်စွာနေထိုင်နိုင်ရန် ကူညီပေးပါရစေ။
သင့်အနာဂတ်ကို EFI General နှင့်အတူ ကာကွယ်ကြပါစို့။