မမြင်နိုင်သော အန္တရာယ်များမှ သင့်ကုန်ပစ္စည်းများကို ကြိုတင်ကာကွယ်လိုက်ပါ
ကုန်းလမ်းခရီးဖြင့် ကုန်စည်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်စေ၊ ယာဉ်မတော်တဆမှုကြောင့် ဖြစ်စေ၊ မီးလောင်ဆုံးရှုံးမှုကြောင့် ဖြစ်စေ အစရှိတဲ့ မမျှော်လင့်ထားသော အန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနဲ့ တွေ့ကြုံရနိုင်ပါတယ်။
ကျွန်ုပ်တို့၏ ကုန်းလမ်းကုန်စည်အာမခံနဲ့အတူ လူကြီးမင်းတို့၏ ကုန်ပစ္စည်းများကို သတ်မှတ်ထားသည့် ခရီးစဉ် ဂိတ်စမှ ဂိတ်ဆုံးသို့ရောက်ရှိချိန်အထိ ခရီးစဉ်တစ်ကြောင်းစာ အကာအကွယ်ရယူလိုက်ပါ။
အဓိကအင်္ဂါရပ်များ

ပရီမီယံနှုန်းထားများ
ကုန်းလမ်းခရီးဖြင့် သယ်ယူပို့ဆောင်ခြင်းများအတွက်
. အထွေထွေကုန်ပစ္စည်းများ - အာမခံတန်ဖိုး၏ ၀.၁၄ %
. လောင်စာဆီများ - အာမခံတန်ဖိုး၏ ၀.၂၈ %
. ကွဲလွယ်ရှလွယ်သော ကုန်ပစ္စည်းများ - အာမခံတန်ဖိုး၏ ၀.၈ %

အာမခံထားနိုင်သူများ
. ကုန်စည်ကူးသန်းရောင်းဝယ်ကြသည့် ကုန်ပစ္စည်းပိုင်ရှင်များ
. ကုန်ပစ္စည်းပိုင်ရှင်၏ ကိုယ်စားလှယ်များ
. ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးသူများ
. ကုန်စည်ပို့ဆောင်ရေး အဖွဲ့အစည်းများ
အာမခံတံဆိပ်ခေါင်းတန်ဖိုး
. တံဆိပ်ခေါင်းတန်ဖိုးသည် အာမခံထားငွေ၏ ၀.၀၁ % ဖြစ်သည်။