သိကောင်းစရာ
ဦးမျိုးဟာ EFI General ရဲ့ မော်တော်ယာဉ်အာမခံကို ဝယ်ယူခဲ့ပီး အာမခံထားရှိတဲ့ ကာလအတွင်း လျော်ကြေးငွေ ထုတ်ယူခြင်းမရှိခဲ့တဲ့အတွက် နောက်တစ်ကြိမ် အာမခံသက်တမ်းတိုးရာမှာ လျော်ကြေးမဲ့ ခံစားခွင့် 25% ကို ခံစားခွင့် ရရှိခဲ့ပါတယ်။
အထူးအကျိုးခံစားခွင့် အနေဖြင့် ဝယ်ယူသူတစ်ဦးသည် မော်တော်ယာဉ် ( ၁၀ ) စီးနှင့်အထက် အာမခံထားရှိပါက ပရီမီယံနှုန်း၏ ၁၀ % အား Fleet Discount အဖြစ် ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
မမြင်နိုင်သော အန္တရာယ်များမှ သင့်ကားကို ကြိုတင်ကာကွယ်လိုက်ပါ
လက်တစ်ကမ်းမှ မမြင်နိုင်သော အန္တရာယ်များကြောင့် စိုးရိမ်ပူပန်နေရပါသလား။
ကားမောင်းနေစဉ်နှင့် ခရီးသွားယာဉ်များ မောင်းနှင်နေစဉ် ဖြစ်ပေါ်နိုင်သော မတော်တဆမှုများမှ သင်နှင့်သင်၏ မော်တော်ယာဉ်များကို အန္တရာယ်ကင်းစေရန် ကျွန်ုပ်တို့မှ အကာအကွယ်ပေးနေပါပြီ။
မော်တော်ယာဉ်အာမခံဟာ သင်၏မော်တော်ယာဉ်သာမက တခြားသော သူတစ်ပါးပိုင်ပစ္စည်းများ ပျက်စီး ဆုံးရှုံးခြင်းအတွက် အကာအကွယ်ပေးသော အာမခံအမျိုးအစား ဖြစ်ပါတယ်။
အဓိကအင်္ဂါရပ်များ

- ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) တွင် မှတ်ပုံတင် ထားသော မော်တော်ဆိုင်ကယ်မှအပ မော်တော်ယာဉ်များ နှင့် စက်ယန္တရားများ

အာမခံထားငွေ
- ကာလပေါက်စျေးထက် မပိုသော အာမခံထားသူနှင့် အာမခံလက်ခံသူ နှစ်ဦးသဘောတူသည့် တန်ဖိုးဖြင့် ထားရှိနိုင်သည်။

မိမိဆန္ဒအရ ထပ်မံဝယ်ယူနိုင်သော အကာအကွယ်များ
- သဘာဝဘေးအန္တရာယ် ( ရေးကြီးခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ မြေငလျှင်လှုပ်ခြင်း၊ စသဖြင့်။ )
- စစ်ဘေးအန္တရာယ်
- ဖောက်ထွင်းခိုးယူခံရခြင်း
- Betterment ( ပစ္စည်းအသစ် နှင့် လဲလှယ်ခြင်း )

ပရီမီယံနှုန်းထား
- အာမခံထားရှိသည့် ငွေပမာဏစုစုပေါင်း၏ ၁.၀၇၂% မှ ၁.၇၃၄% အထိ အောက်ပါတို့ပေါ် မူတည်၍ နှုန်းထားသတ်မှတ်ပါသည်။
ယာဉ်အသုံးပြုပုံ ၊ ယာဉ်တန်ဖိုး ၊ မော်ဒယ်အတန်းအစား ၊ အမျိုးအစားနှင့် ထုတ်လုပ်သည့် ခုနှစ် ၊ အင်ဂျင်ပါဝါ ၊ လူဦးရေ

အာမခံသက်တမ်း
- (၃)လ၊(၆)လ၊(၉)လ နှင့် (၁)နှစ် နှစ်သက်ရာရွေးချယ်နိုင်ပြီး နှစ်စဉ်သက်တမ်းတိုးနိုင်ပါသည်။