သင့်ရေယာဉ်ကိုယ်ထည်ကို မမြင်နိုင်သော အန္တရာယ်မှ ကြိုတင်ကာကွယ်လိုက်ပါ
အာမခံသည် လူနေမှုဘဝတွင်သာမက စီးပွားရေးလုပ်ငန်းတိုင်းအတွက်ပါ အရေးပါသော အကာအကွယ်တစ်ခုဖြစ်ပြီး ယနေ့ခေတ်၏ တိုးတက်လာသောရေကြောင်းလုပ်ငန်းများနဲ့ ကုန်သွယ်မှုလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်သော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိပါတယ်။
ရေယာဉ်ကိုယ်ထည်အာမခံဆိုသည်မှာ နိုင်ငံတွင်းမှ မြစ်တွင်းနဲ့ ကမ်းရိုးတန်းရေကြောင်းလမ်းတွေမှာ ပုံမှန်ကူးသန်း သွားလာနေတဲ့ သင်္ဘောများအပြင် ပြင်ပနိုင်ငံများမှ ပင်လယ်သမုဒ္ဒရာများတွင် ကူးသန်းသွားလာနေကြတဲ့ သင်္ဘောများရဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးမှုများကိုပါ အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစားဖြစ်ပါတယ်။
ရှေးယခင်မှယနေ့တိုင် ရေကြာင်းဆက်သွယ်ရေးလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်တဲ့ ရေယာဉ်များရဲ့ ကိုယ်ထည် သာမက အတွင်းရှိ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုအတွက်ပါ ကျွန်ုပ်တို့မှ ယခုပဲ အကာအကွယ်ပေးနေပါပြီ။
အဓိကအင်္ဂါရပ်များ

အာမခံသက်တမ်း
. ခရီးစဉ်တစ်ခေါက်အာမခံ
. အချိန်ပိုင်းအာမခံ

အကျိုးခံစားခွင့်များ
. ပင်လယ်၊ မြစ်၊ ချောင်း တို့၏ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်သော လုံးဝဆုံးရှုံးမှု
. ရေယာဉ်မီးလောင်ထိခိုက်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ သောင်တင်ခြင်း၊ နစ်မြုပ်ခြင်း၊ တိမ်မြုပ်ခြင်းတို့အတွက် ပျက်စီးဆုံးရှုံးမှုများ
. ရေယာဉ်အချင်းချင်း ထိမိခြင်း၊ တိုက်မိခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ
. အခြားအရာဝတ္ထုတစ်ခုခုနှင့် ထိမိခြင်း၊ တိုက်မိခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများ

အာမခံထားနိုင်သော ရေယာဉ်ကိုယ်ထည်အမျိုးအစား
. သစ်သားကိုယ်ထည်
. သံကိုယ်ထည်