သမာဓိအာမခံဖြင့် သင့်ငွေကိုကာကွယ်ပါ
အောင်မြင်တဲ့စီးပွားရေး တစ်ခုဖြစ်ပေါ်လာဖို့ အချိန်၊ ငွေကြေးနဲ့ အခြားမြောက်များစွာသော တန်ဖိုးဖြတ်မရနိုင်တဲ့အရာတွေ ရင်းနှီးမြုပ်နှံရပါတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုဟာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှု၊ ချစ်ခင်လေးစားမှု၊ စည်းလုံးညီညွတ်မှုများနဲ့ တည်ဆောက်ထားတာ ဖြစ်သော်လည်း တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်အတွင်း မမျှော်လင့်ထားတဲ့ အခြေအနေများနဲ့ တွေ့ကြုံရနိုင်ပါတယ်။ ထိုအရာများထဲမှ ဝန်ထမ်းများရဲ့ “ယုံကြည်မှုအလွဲသုံးစား ပြုလုပ်ခြင်း”ဟာ လုပ်ငန်းရှင်များစွာ ရင်ဆိုင်နေရတဲ့ အဓိက အန္တရာယ်များထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွင်း မရိုးသားသောလုပ်ရပ်များကို ဖောက်ဖျက်ကျူးလွန်တဲ့ ဝန်ထမ်းများမှာ မရှိသလောက်နည်းပါးသော်လည်း ထိုကဲ့သို့ ဝန်ထမ်းများရဲ့ ခိုးယူမှု လိမ်လည်လှည့်ဖျားမှုများနဲ့ တွေ့ကြုံရတဲ့အခါမှာတော့ လုပ်ငန်းရှင်များအနေဖြင့် ဆုံးရှုံးမှုများကို အနည်းနဲ့အများ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကျွန်ုပ်တို့ရဲ့ သမာဓိအာမခံဟာ ဝန်ထမ်းများရဲ့ မရိုးသားမှု၊ ခိုးမှု သို့မဟုတ် လိမ်လည်မှုတို့ကြောင့် လူကြီးမင်းတို့ရဲ့ ငွေကြေးများ ဆုံးရှုံးခြင်းအတွက် အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစား ဖြစ်ပါတယ်။
အဓိကအင်္ဂါရပ်များ
အာမခံထားရှိနိုင်သူ
. လုပ်ငန်းပိုင်ရှင်များ၊ အစုရှယ်ယာရှင်များနှင့် ရာထူးအဆင့်လိုက် အရာရှိများမှ ထားရှိနိုင် ပါသည်။
အာမခံထားငွေ
. ငွေကြေးကိုင်ဆောင်သူ တာဝန်ယူထိန်းသိမ်းရသည့် ငွေကြေးပမာဏ
အာမခံသက်တမ်း
. အာမခံသက်တမ်းမှာ ၁နှစ်ဖြစ်ပါသည်။