သင့်မိဘများက သင့်အတွက် ငယ်စဉ်ကတည်းက အစစအရာရာကို ချစ်ခင်စောင့်ရှောက်ခဲ့ကြသလို ယခုအသက်အရွယ်ကြီးလာတဲ့အခါ သင့်အနေနဲ့လည်း သူတို့ရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက် ကာကွယ်ပေးရမဲ့ အချိန်ကျရောက်လာပါပြီသင့်မိဘများရဲ့ ကျန်းမာရေးအခြေအနေအမျိူးမျိုးအတွက် စိတ်ပူပန်မှုကင်းပြီး စိတ်ချမ်းသာမှု အပြည့်ဖြင့် ပြုစုစောင့်ရှောက်လိုပါက ကျန်းမာရေးအာမခံဝယ်ပေးထားသင့်ပါတယ်။ဘာကြောင့် ကျန်းမာရေးအာမခံထားပေးသင့်တာလဲသင့်မိဘများ၏ အနာဂတ်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့် နာမကျန်းဖြစ်ခြင်း၊ ရောဂါတစ်ခုခုကြောင့် ဆေးရုံတက်ရခြင်း၊ မတော်တဆမှုများဖြစ်ခြင်း စတဲ့အရေးပေါ်အခြေအနေများကို ကျန်းမာရေးအာမခံထားထား ခြင်းဖြင့် ငွေကြေးယိုင်နဲ့မှုမရှိဘဲ အဆင်ပြေစွာ ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။