မျှဝေဖေးကူ EFIနဲ့အတူ
Posted on June 14, 2024
ယနေ့ (ဇွန်လ ၁၄ရက်နေ့) မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ မှာ ကမ္ဘာတစ်ဝန်းရှိ သွေးလှူရှင်များစွာကို ဝမ်းမြောက်လေးစားစွာဖြင့် ဂုဏ်ပြုလိုက်ရပါတယ်။🩸
𝐄𝐅𝐈 မိသားစုဝင်များဖြစ်ကြတဲ့ ဝန်ထမ်းများနှင့် ချစ်ခင်ရပါသော ကိုယ်စားလှယ်ကြီးများမှလည်း ကမ္ဘာ့သွေးလှူရှင်များနေ့ အထိန်းအမှတ် အနေဖြင့် ဇွန်လ (၇) ရက်နေ့ မှာ”မျှဝေဖေးကူ EFIနဲ့အတူ”ဆိုတဲ့CSR Program လေးကို အမျိုးသားသွေးဌာနတွင် သွေးလှူဒါန်းရင်း ကျင်းပပြုလုပ်ခဲ့ပါတယ်။
𝐄𝐅𝐈 မှ လာရောက်လှူဒါန်းခဲ့ကြတဲ့ ဝန်ထမ်းများနဲ့ ကိုယ်စားလှယ်ကြီးများအတွက် ဂုဏ်ပြုသော အားဖြင့် အဟာရဖြစ်စေသော အားဖြည့် အစာပြေများနှင့် နေ့လည်စာများကိုလည်း စီစဉ်ပေးခဲ့ပြီးအမှတ်တရ ပုံရိပ်များအားပြန်လည် မျှဝေတင်ပြလိုက်ရပါတယ်။