မျက်မမြင်ကလေးငယ်များအတွက် နွေးထွေးတဲ့ မေတ္တာနဲ့ EFI မိသားစုရဲ့ CSR အလှူ

Posted on November 7, 2023
  • မျက်မမြင်ကလေးငယ်များအတွက် နွေးထွေးတဲ့ မေတ္တာနဲ့ EFI  မိသားစုရဲ့ CSR အလှူ

နွေးထွေးတဲ့ ကမ်းလက်တစ်စုံဟာ လူသားတိုင်းအတွက် ထိုက်တန်တယ်မဟုတ်ပါလား။ 

ပြီးခဲ့တဲ့ ရက်သတ္တပတ်က EFI မှ ဝန်ထမ်းများအားလုံး စုပေါင်းပြီး ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ ကလေးငယ်များထံ အစားအသောက်နဲ့ အသုံးအဆောင်များ သွားရောက်မျှဝေ လှူဒါန်းခွင့် ရခဲ့ပါတယ်။ 

ဝန်ထမ်းများအနေနဲ့ ကလေးငယ်များအတွက် မနက်စာနဲ့ နေ့လည်စာများ‌ ကျွေးမွေးပြင်ဆင်ပေးဖြစ်ခဲ့တဲ့အပြင် တစ်ကိုယ်ရေသုံး ပစ္စည်းများဖြစ်တဲ့ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အဝတ်လျှော်ဆပ်ပြာ စတဲ့ အသုံးအဆောင်များကိုလည်း ကလေးများအတွက် လှူဒါန်းပေးခဲ့ပါတယ်။ 

ဒါ့အပြင် ဝန်ထမ်းများမှ ဦးဆောင်ပြီး  ကလေးငယ်များနဲ့အတူ စိတ်လှုပ်ရှားဖွယ် ဂိမ်းကစားနည်းများ ဆော့ကစားကြရင်း ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်များကိုလည်း အတူတကွ ကုန်ဆုံးခဲ့ကြပါတယ်။ 

မိဘပြည်သူများ အားလုံးလည်း မုဒိတာ ပွားများနိုင်စေဖို့ EFI  ရဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ သွားရောက် လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်များကို မျှဝေပေးလိုက်ရပါတယ်။