EFI ၏ အကြောင်း

Posted on September 7, 2022
အထွေထွေ
ဗဟုသုတ
  • EFI ၏ အကြောင်း

EFI ကို (၂၀၁၃) ခုနှစ်မှ စတင်ခဲ့ပြီး အများပြည်သူတို့ လိုအပ်နေတဲ့ အာမခံချက်များကို ဖြည့်ဆည်း ပေးနိုင်ဖို့အတွက် ဆောင်ရွက်ပေးလျက် ရှိပါတယ်။  EFI သည် ဘဏ္ဍာရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ သတ္ထုတွင်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း အစရှိတဲ့ ထိပ်တန်းစီးပွားရေး လုပ်ငန်းများစွာ ပေါင်းစည်းထားတဲ့ Excellent Fortune Development Group ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်တာကြောင့် ငွေကြေးအားဖြင့် တောင့်တင်းခိုင်မာတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ 

EFI အနေနဲ့ (၂၀၁၃)ခုနှစ်မှာ အသက် အာမခံ လိုင်စင်အပြင် (၂၀၁၈)ခုနှစ်မှာလည်း အထွေထွေ အာမခံလိုင်စင် ရရှိခဲ့ပြီး  ကနဦး မတည်ရင်းနှီးငွေ မြန်မာငွေကျပ် (၄၆) ဘီလီယံနဲ့ မြန်မာနိုင်ငံမှာ ပထမဦးဆုံး‌သော ပုဂ္ဂလိက အာမခံလုပ်ငန်း လိုင်စင်များကို ပိုင်ဆိုင်ထားတဲ့ စီးပွားရေး လုပ်ငန်းစုများထဲမှ တစ်ခုဖြစ်ပါတယ်။ 

(၂၀၁၉) ခုနှစ်မှာ မြန်မာနိုင်ငံတော်အစိုးရက ပုဂ္ဂလိက အာမခံလုပ်ငန်း အခန်းကဏ္ဍကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်စေလိုတဲ့ ရည်ရွယ်ချက်ကြောင့် အသက် အာမခံလုပ်ငန်း အပါအဝင် အထွေထွေ အာမခံ လုပ်ငန်းများကို ကုမ္ပဏီသီးခြားစီ ဆောင်ရွက်ဖို့ ညွှန်ကြားချက်အရ အသက် အာမခံလုပ်ငန်းအတွက် Excellent Fortune Life Insurance Co.,Ltd (EFI Life) နဲ့ အထွေထွေ အာမခံ လုပ်ငန်းအတွက် Excellent Fortune General Insurance Co.,Ltd (EFI General) တို့ကို ပြောင်းလဲဖွဲ့စည်း လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါတယ်။

ယနေ့မှာတော့ မြန်မာပြည်သူ ပြည်သားများအတွက် လူနေမှုဘဝများကို ကောင်းမွန်စွာ ဖန်တီးပုံဖော်ပေးနိုင်ဖို့နဲ့ စိတ်ဖိစီးမှု ကင်းဝေးပြီး စစ်မှန်သောဘဝများကို ပိုင်ဆိုင်နိုင်ဖို့ အလိုအပ်ဆုံးသော အရာတစ်ခုအဖြစ် ရပ်တည်နေပါပြီ။ EFI မှ ကောင်းမွန်သော လုပ်ဆောင်ချက်များနဲ့အညီ ကျွန်ုပ်တို့ အဖွဲ့အစည်းသာမက နှစ်ဦးနှစ်ဖက် အကျိုးရှိစေနိုင်တဲ့ ကောင်းမွန်သော ရေရှည်ဆက်ဆံမှုများ တည်ဆောက်ပေးလျက် ရှိပါတယ်။ အနာဂါတ်မှာလည်း မြန်မာပြည်သူပြည်သားတွေအတွက် ပိုမိုကောင်းမွန်တောက်ပသော အနာဂတ်များ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ် မျှော်မှန်းထားပါတယ်။ 

ကျွန်ုပ်တို့က နေ့စဉ်စိန်ခေါ်မှုများအပေါ် စိတ်အားထက်သန်ပြီး တက်တက်ကြွကြွ လုပ်ဆောင်နိုင်သော ကျွမ်းကျင်ပညာရှင်များနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူတကွ ဖန်တီးနိုင်ဖို့အတွက်လည်း ရေရှည်လက်တွဲ အလုပ်လုပ်ကိုင်နိုင်ဖို့ မြန်မာနိုင်ငံတစ်ဝန်းမှ ဦးဆောင်နိုင်စွမ်းရှိပြီး စွန့်ဦးတီထွင်နိုင်စွမ်းရှိတဲ့ အာမခံကိုယ်စားလှယ်များကို အမြဲလက်ကမ်း ကြိုဆိုလျက် ရှိပါတယ်။ သင့်တော်တဲ့ အသက်မွေးဝမ်းကြောင်း လမ်းပေါ် လျှောက်လှမ်းနိုင်ရန်နဲ့  စွမ်းရည်များ တိုးတက်စေရန် ထောက်ပံ့ကူညီခြင်းက EFI ရဲ့  ရည်မှန်းချက်ပဲ ဖြစ်ပါတယ်။ 

EFI မှ မြန်မာပြည်သူ ပြည်သားတွေအတွက် အကိုက်ညီဆုံးဖြစ်တဲ့ အသက် အာမခံနဲ့ အထွေထွေ အာမခံ အတွေ့အကြုံ အသစ်များကို ပေးစွမ်းနိုင်ရန် အဓိကထား ဆောင်ရွက်နေပြီး အာမခံ ဝယ်ယူမှုများအပေါ်  ပြည်သူများရဲ့ ထင်မြင်ခံစားမှုကို တိုးတက် ပြောင်းလဲနိုင်အောင် လမ်းပြပေးတဲ့ အာမခံကုမ္ပဏီတစ်ခု အနေနဲ့ ရည်ရွယ် လုပ်ဆောင်လျက် ရှိပါတယ်။ EFI ရဲ့ Product များနဲ့ ဝန်ဆောင်မှုများမှတစ်ဆင့် ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ဖန်တီးရင်း မြန်မာနိုင်ငံအတွက် အလင်းတန်းတစ်ခုအဖြစ် ဆက်လက် ရပ်တည်သွားပါမယ်။ 

Other Similar Blogs

စိတ်အေးချမ်သာစွာ မောင်းနှင်နိုင်ရန် အဖေ့အတွက် ကားအာမခံ

စိတ်အေးချမ်သာစွာ မောင်းနှင်နိုင်ရန် အဖေ့အတွက် ကားအာမခံ

မိသားစုရဲ့ တာဝန်တွေကို ထမ်းပိုးရင်း နေ့စဉ်အလုပ်တွေကို ကားမော...
Posted on September 25, 2024
အထွေထွေ
အာမခံထားခြင်း၏ ကောင်းကျိုးများ

အာမခံထားခြင်း၏ ကောင်းကျိုးများ

အာမခံထားခြင်းက သင့်အားအဘက်ဘက်မှ စိတ်ချမ်းသာမှုကို ရရှိစေနိုင...
Posted on September 20, 2024
အထွေထွေ
မိုးရာသီနဲ့ ရေကြောင်းအန္တရာယ် သင့်ကုန်စည်ကို ကြိုတင်ကာကွယ်

မိုးရာသီနဲ့ ရေကြောင်းအန္တရာယ် သင့်ကုန်စည်ကို ကြိုတင်ကာကွယ်

ရေကြောင်းနဲ့ ကုန်ပစ္စည်းများကို တစ်နေရာမှ တစ်နေရာသို့ တင်ပို...
Posted on September 13, 2024
အထွေထွေ
ကုန်သွယ်လုပ်ငန်းရှင်များအတွက် ကျောထောက်နောက်ခံ ကုန်းလမ်းကုန်စည်အာမခံ

ကုန်သွယ်လုပ်ငန်းရှင်များအတွက် ကျောထောက်နောက်ခံ ကုန်းလမ်းကုန်...

ကုန်းလမ်းခရီးဖြင့် တစ်နေရာမှတစ်နေရာသို့ ကုန်ပစ္စည်းများကို သ...
Posted on August 27, 2024
အထွေထွေ